၂၅..ဇနီး

4.3K 411 5
                                    

[Unicode]

"ထွက်သွား"

အစောင့်တွေ စုတ်ပြတ်သတ်နေတဲ့ကျင်းအာကို ဘယ်လိုဆွဲထုတ်သွားတာလဲဆိုတာသူမကြည့်နေမိရင်းမျက်ရည်တွေကျလာသည်။သူမနှလုံးသားအရမ်းလေးလံနေ၏။

'သူအခုလိုလုပ်ချင်သလို..လုပ်လိုက်လိမ့်မယ်လို့ဘယ်တုန်းကမှမတွေးမိလိုက်ခဲ့ဘူး၊ဘယ်လိုတောင်ငါ့လူတွေကိုထိရဲတာလဲ?အဓိကဇာတ်ဆောင်,ရှင်မကောင်းတယ့်ကောင်ပဲ!

"ငါ့ကို အပြစ်မတင်နဲ့၊မင်းရဲ့ အစေခံတွေကသခင်ဖြစ်သူရဲ့အကြံအစည်ကိုလက်ခံပြီးအထမြောက်စေတာကလဲပြစ်မှုပဲ၊လေးစားမှုနဲ့သစ္စာရှိမှု-ဟက်,ကြည့်ရတာမင်းကကိုယ့်အစေခံတွေကိုယ်တော့ကြင်နာထားတယ့်ပုံပဲ"

"အဲ့တာကြောင့် ငါတွေးလိုက်တာ,သူတို့ကဘာမှထုတ်ပြောမလာတော့ သူတို့လျှာတွေဘာကိစ္စလိုနေအုန်းမှာလဲ?"

"လီဟန်!"သူမလက်ချောင်းတွေကစောင်ကို ကျစ်ကျစ်ပါအောင်‌ဆုပ်ထားသည်။

"ငါက တော်ဝင်မျိုးနွယ်တစ်ယောက်၊ငါ့နာမည်ကို ပေါ့ပေါ့ဆဆခေါ်နေတာ၊ကိုယ့်ခေါင်းကိုမလိုချင်တော့ဘူးလား,သခင်မလေး?"

စုရှင်းကုတင်ပေါ်မှဆင်း၍အဓိကဇာတ်ဆောင်ဆီလျှောက်သွားလိုက်သည်၊ထို့နောက် အဓိကဇာတ်ဆောင်ပါးအား လွှဲရိုက်လိုက်သည်။

'သေစမ်း!ငါ့လက်တောင် နာတယ်!'

လူငယ်လေးမှာ ရုတ်တရက်အရိုက်ခံလိုက်ရမှုကြောင့်လက်သီးကျစ်ကျစ်ဆုပ်ကာမျက်နှာပင်နီရဲလာတော့သည်၊သို့သော် ခဏကြောင်သွားလိုက်၏။

သူဒေါသထွက်သွားပြီ!

'ဘယ်သူကဂရုစိုက်လို့လဲ?ငါလဲဒေါသထွက်တတ်တယ်!'

ထို့နောက် နောက်စက္ကန့်ပိုင်းအတွင်း ထိုနက်နဲသောမျက်လုံးအစုံတွင် မကျေနပ်မှုနှင့် တပ်မက်မှုများ‌ပေါ်ပေါက်လာတော့သည်။

"ငါ မင်းလူတွေထိလို့ ဒေါသထွက်သွားတာလား?အဲ့ဒီတော့ ဆိုလိုတာကမင်းငါ့ကိုမကြောက်တော့ဘူးပေါ့,ဟုတ်လား?"သူ့နှုတ်ခမ်းသည် အန္တရာယ်ရှိသောအပြုံးတစ်ခုအဖြစ်သို့ တဖြည်းဖြည်းကွေးတက်သွားသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now