Chapter 6 unicode

15.3K 363 5
                                    

🔸အဖြူရောင်နုနု🔸6

            အပိုင်း~၆
ဆရာ၀န်ကြီးဦးနေဇဗ္ဗူ...သမီးဖြစ်အကြောင်းတွေး
ရင်းသက်ပြင်းများတဟင်းဟင်းချကာ..ညနက်အ
ထိအိပ်မပျော်နိုင်သေးပေ။
သမီးရဲ့မိခင်လွန်းမီမီဘက်ကအဖေကစစ်တခေတ်
ကအကောင်ကြီး..သူကလည်းတစ်ချိန်ကမင်းထက်
နေနိုင်လိုပဲဂိုက်လိုက်ပြတဲ့ဆရာ၀န်ပေါက်စ..။
လွန်ခဲ့တဲ့နှစ်၂၀ကျော်တုန်းကလည်းဒီလိုတစ်ပုံစံထဲ
တူတဲ့အခြေအနေမျိုးဖြစ်ခဲ့ဖူးသည်။
" ငါ့သမီးကိုတာ၀န်မယူရင်..မင်းရဲ့အနာဂဏ်ကလည်းထောင်ထဲမှာပဲပြီးသွားရလိမ့်မယ်လို့မှတ်လိုက်"

ဒီအိမ်ကြီးရဲ့ဒီနေရာမှာပဲထိုသို့ခြိမ်းခြောက်စကားမျိုးပြောခဲ့ကြသည်။
အဲ့တုန်းကသူကခံရသူ၊ အခုသံသရာတစ်ပတ်ပြန်
လည်လာတော့သူကပြုသူဖြစ်နေခဲ့ပြီ။
ရမ္မက်နဲ့စတင်ခဲ့တာမို့သူနဲ့လွန်းမီမီရဲ့အိမ်ထောင်ရေးကဘယ်လိုမှသာယာမှုမရှိခဲ့ပါဘူး။
အချစ်ကိုမရတဲ့မိန်းမကအမုန်းတွေကိုစိုက်ပျိုးခဲ့ပြီးသေတဲ့နေ့အထိလည်းသူမစိုက်သမျှတွေကိုပဲသူမပြန်လည်စားသုံးသွားခဲ့ရသည်။

သူ့ဘ၀ကတော့လွန်ခဲ့တဲ့နှစ်၂၀ထဲကသေလူလိုဖြစ်
နေပြီမို့..ဘာမှမျှော်လင့်စရာမရှိပေမယ့်။
ဒီမိတဆိုးမလေးလွန်းဖြူဖြူကိုဘယ်လိုလုပ်ရပါ့မလဲ
ဟင်းးးးးးး.....။

>>>>>>>>>>>>>>>
နောက်ထပ်အိပ်မပျော်နိုင်သူကမင်းထက်နေနိုင်...
အခုအခြေအနေနဲ့တော့ဘယ်လိုမှနိုင်ငံခြားကိုထွက်မသွားနိုင်ပါဘူး။ နိုင်ငံခြားမှာပလပ်ဖြေတာသူ့
အတွက်မခက်ဘူးပဲထားအုံး...
လွန်းဖြူဖြူကိုမယူနိုင်လို့ထွက်သွားမယ့်လူက၊လွန်း
ဖြူဖြူအဖေရဲ့အထောက်အပံ့နဲ့ကျောင်းတတ်ရမယ်
ဆိုရင်..သူကယောကျာ်းတောင်ဟုတ်ပါတော့မလား။
အခု ဒီကိစ္စကြောင့်သူ့မိဘတွေကလည်းစိတ်ဆင်း
ရဲနေရပြီ။ဆရာ၀န်သားဆီကလုပ်ခလစာတောင်
မစားရသေးတဲ့မိဘတွေကိုထားခဲ့ပြီးဒီအတိုင်းကိုယ်
လွတ်ရုန်းပြေးနိုင်ပါ့မလား။ ဟူးးးးး....

ညကိုအိပ်စက်ခြင်းမဲ့စွာဖြတ်သန်းပြီး..မိုးလင်းသွား
တော့မျက်နှာထသစ်ကာ၊နီရဲနေတဲ့မျက်လုံးနဲ့သူ့မိ
ဘတွေရှေ့မှာထိုင်လိုက်သည်။
ဒီရက်ပိုင်းမိဘတွေကလည်းသူ့ကိုစကားမပြောကြ
ဘူးလေ။
" ကျွန်တော် လက်ထပ်ပါ့မယ်...."
" မင်းမလုပ်ချင်တာကိုအတင်းမလုပ်ပါနဲ့...
မင်းဖာသာကြိုက်တဲ့နေရာမှာစာသွားသင်ပေါ့
ငါတို့ကိုငဲ့နေစရာမလိုပါဘူး... မင်းမှဖြူဖြူ့ကိုမကြိုက်ပဲ..."
သူ့အမေကသူ့ကိုစိတ်စမ်းတဲ့အနေနဲ့..ဒီလိုငေါ့ပြော
နေတာကိုသူအတည်မှတ်ယူလို့မဖြစ်။
အမေ့လောက်လွန်းဖြူဖြူကိုချွေးမတော်ချင်တဲ့လူ
ဘယ်မှာရှိမှာလဲ။
" ဘာပဲဖြစ်ဖြစ် အဲ့မိန်းမကိုပဲကျွန်တော်ယူမှာမို့..
အဲ့လိုပဲစီစဉ်လိုက်ပါ...."
" မင်းတကယ်ဆုံးဖြတ်ပြီးပြီလား..."
ဟက်....
" ကျွန်တော့်မှာတခြားရွေးစရာမှမရှိတာ..."
" အေးလေ..မင်းလည်းငယ်တာမှမဟုတ်ပဲ..
နုနုလည်းယူသွားပြီမှတ်လား၊မင်းလည်းယူတော့ပေါ့..."
" နုနု ကိုထည့်မပြောပါနဲ့...."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now