𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》

7.4K 1.1K 10
                                    

My Cherry Will Explode in the Apocalypse

Chapter 20

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

ထိုအခိုက် သူတို့ရုတ်တရက်အော်သံတစ်ခုအားကြားလိုက်ရပြီး စုန့်ချန်ရှု၏အသံဖြစ်ကြောင်း ကျန့်ယွင် ချက်ချင်းသတိပြုမိသွားကာ ကားဆီသို့အမြန်ပြေးသွားခဲ့သည်။

စုန့်ချန်ရှု၏ကားကိုး ဖုတ်ကောင်နှစ်ကောင်မှဝိုင်းထားလေသည်။ ဖုတ်ကောင်တစ်ကောင်သည် ကလေးမလေးတစ်ယောက်ဖြစ်ပြီး သူမ၏ကိုယ်တွင်ဒဏ်ရာမရှိပေ။ ၎င်းသည် အရင်ဆုံး သေပြီး ပြန်နိုးထလာကာ ဖုတ်ကောင်ဖြစ်လာသူဖြစ်နိုင်သည်။ သူမသည် သူမ၏နီမြန်းသောမျက်လုံးတစ်စုံဖြင့် ကားတံခါးအားစိုက်ကြည့်နေပြီး သူမ၏လည်ချောင်းထဲမှ သားရဲတစ်ကောင်ကဲ့သို့ဟောက်သံပေးနေလေ၏။ အခြားဖုတ်ကောင်အမျိုးသမီးသည် သူမ၏လည်ပင်းတွင် အပေါက်ကြီးတစ်ခုရှိနေပြီး အကိုက်ခံခဲ့ရပုံရပြီး သူမ၏ခြေလက်များသည်လည်း အသားစများအဖြစ်ပြောင်းသွားပုံဖြစ်လေနေသည်။ ၎င်းသည် တခြားဖုတ်ကောင်များထံမှ တိုက်ခိုက်ခံရပြီး အသတ်ခံရပြီးနောက် အသွင်ပြောင်းသွားခြင်းတစ်ခုမှန်းသိသာလေသည်။ ထိုအခိုက်မှာပင် သူမသည် သူမ၏ အသားများစုတ်ပြဲပြီး သွေးရွှဲနေသောလက်ဖြင့် ကားပြတင်းပေါက်အား ထုရိုက်နေပြီး အထဲရှိစုန့်ချန်ရှုသည် ထိတ်လန့်ကြောက်ရွံနေကာ မျက်နှာပင်ဖြူဖျော့နေတော့သည်။

သို့သော်ငြား သူသည် ခွဲစိတ်ဓားကိုအသုံးပြုသောခွဲစိတ်ဆရာ၀န်တစ်ယောက်လည်းဖြစ်ချေသည်။ ပုံမှန်အားဖြင့် သွေးနှင့် ကိုယ်တွင်းအင်္ဂါများသည် အထူးအဆန်းမဟုတ်ချေ။ သာမန်လူများနှင့်ယှဉ်လျှင် သူ့စိတ်ပိုင်းဆိုင်ရာအရည်အသွေးသည် ပိုကောင်းနေပါသေးသည်။ ယခုတွင်မူ သူသည် ဖုတ်ကောင်များကို တုန်လှုပ်ကြောက်ရွံနေခဲ့လေသည်။ အော်ဟစ်လိုက်ပြီးနောက် သူ သူ့ပါးစပ်အားချက်ချင်းပိတ်လိုက်ကာ ပိုများသောဖုတ်ကောင်များအားမဆွဲဆောင်မိစေရန် အသံတစ်သံမှမထွက်ရလေအောင်တားလိုက်သည်။

သူသည် ဖုတ်ကောင်နှစ်ကောင် ကားပြတင်းပေါက်များအားရိုက်ခွဲနိုင်လိုက်မည်အား စိုးရိမ်နေခဲ့သည်။ သူ ကားထဲတဝိုက်တွင် လက်နက်အဖြစ်အသုံးပြုနိုင်မည့် ကိရိယာများကို ရှာဖွေနေစဉ်မှာပင် ဓာတ်ဆီဆိုင်ထဲမှပြေးထွက်လာသော ကျန့်ယွင်နှင့် စုရွေ့ကျယ်အားတွေ့လိုက်ရသည်။ သူတို့ အခုလေးတင် သူ့အော်သံကိုကြားလိုက်သင့်သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now