12 [ Z + U ]

2.5K 219 26
                                    

Yoon Lay မောင်းသော ကားအား စီးရင်း Taehyung အပြင်သို့ ငေးလျက် လိုက်ပါလာမိသည်.....
ရင်ထဲတွင်လည်း ဒွိဟဖြစ်နေသော အတွေးတို့ဖြင့်......
ငါ ဘာဖြစ်နေပါလိမ့် ဒီနေ့တစ်နေ့လုံး
ဘာလို့ စိတ်က ဟို ဘာမဟုတ်တဲ့တျောက်ဆီ ရောက်နေရတာလဲ ?
သူ ဘယ်သွားသွား ငါနဲ့ ဘာဆိုင်လို့ သိချင်နေရတာလဲ ?
မသိဘူး မသိချင်ဘူး မြင်လည်းမမြင်ချင်ဘူး......
မျက်လုံးများအား အသာမှေးစင်းကာ နေနေမိသည်.....
စိတ်ရှိတိုင်းဆို သွားနေကြ ဟန်မြစ်ဆီသွားချင်ပေမယ့် အလုပ်ကိစ္စကရှိသေးသည်မို့ သွားလို့မဖြစ်သေး....
အရှေ့မှ Yoon Lay ကတော့ ကားကို ညင်သာစွာ မောင်းနေ၏။





" သခင်လေး ဆိုင်ရောက်ပါပီ.... သခင်လေး သခင်လေး.... "
" ဪ အင်းမ် ပြော..... "
အဆက်မပြတ်ခေါ်နေသော Yoon Lay အသံကြောင့် Taehyung သတိပြန်ဝင်လာသည်.....
ပတ်ဝန်းကျင်ကိုကြည့်တော့လည်း သူထိုင်နေကြ Coffee ဆိုင်ရှေ့တွင် ရောက်နေလျက်......
Yoon Lay ကတော့ စိုးရိမ်သည့် မျက်ဝန်းတို့ဖြင့် သူ့အား ကြည့်နေဆဲ......




" သခင်လေး အဆင်ပြေရဲ့လား နေရောကောင်းရဲ့လား..... "
" နေ နေ ငါအဆင်ပြေတယ် မောင်းလိုက်တော့ ငါမဆာသေးလို့ ရုံးရောက်မှပဲ ကြည့်စားလိုက်မယ်..... "
" သခင်လေး ဖြစ်ပါ့မလား ဟိုက နေရာ အသစ်နော် အဆင်မပြေလို့ရှိရင်..... "
" ငါ့မှာ မင်းတစ်ယောက်လုံးပါတာပဲကိုကွာ အဆန်းလုပ်လို့ ဒီ့ထက်ဆိုးတဲ့နေရာတွေကိုတောင် သွားခဲ့သေးတာပဲ...... "
" ဟုပါပီ သခင်လေးရယ်..... "





သူ့အား ယုံကြည်စွာပြောလာသော စကားတို့ကြောင့် Yoon Lay ၀မ်းသာမိပါသည်.....
စိတ်ချပါ ကျွန်တော်က သခင်လေးကို အမြဲကာကွယ်ပေးမှာမို့......
သခင်လေးကတော့ လှည့်ပင်မကြည့်ဘဲ မျက်လုံးများအား အသာမှေးစင်းထား၏။









အိမ်ထဲရှိ ပစ္စည်းများအား ပေါက်ခွဲလျက် သောင်းကျန်းနေသော Han Yura.....
မျက်ဝန်းများက ဒေါသစိတ်ကြောင့် နီရဲတွတ်လို့နေ၏။
ဝတ်ထားသော အဖြူရောင်ဂါဝန်မှာလည်း ဖုန်မှုန့်များပေကျံလျက်.....
ဒေါသကြောင့် လူကပုံပျက်ပန်းပျက်ဖြစ်လို့နေသည်.....
တကယ်တော့ Jeon သူမဆီမလာတာ တစ်ပတ်လောက်ရှိပီမို့ မနေ့က မနေနိုင်ဘဲ အိမ်လိပ်စာစုံစမ်း၍လိုက်သွားခဲ့သည်.....
ဟိုရောက်တော့ တွေ့လိုက်ရပါသည်.....
သို့သော် ချစ်ရသူ၏ မျက်ဝန်းများက ၀မ်းသာဟန်ပေါက်မနေခဲ့.....
တကယ်ပဲ တကယ်ပဲ သူ ဟိုတျောက်ကို.......
သံသယများအား ဆက်မတွေးတော့ဘဲ နေနေမိသည်.....
သူမ Kim Taehyung ဆိုသူကို မရှုံးချင်ပါ.....
ဘယ်တော့မှလည်း သူများကို ရှုံးခဲ့ဖူးသူမဟုတ်ခဲ့......
ခု စိတ်ထဲရှိသည်ကတော့ Kim Taehyung ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်ချင်နေမိသည်သာ......
ကြမ်းပြင်ပေါ်တွင် မှန်ကွဲစများနှင့် ထိုင်ချနေရင်းမှ ရလာသော အကြံဉာဏ်တစ်ခု......
ဟုတယ် အဲ့နည်းနဲ့ Jeon ကို ပြန်ခေါ်ရမှာပဲ......
အရူးပုံစံပေါက်နေသော သူမမျက်နှာပေါ်မှ ကြောင်တောင်တောင်အပြုံးတစ်ချို့......








VICTORIA[ COMPLETED ]Where stories live. Discover now