Chapter 49 (U+Z)

10.7K 1.9K 102
                                    

//UNICODE//

အခန်း 49 - စကားဆိုကြခြင်း

စုလင်း၏တုံ့ပြန်မှုက မြန်ဆန်ခဲ့သော်လည်း ကုလီဟန် မမြင်လိုက်ခင် ထိုအရာကို မဖမ်းမိနိုင်ခဲ့​ပေ။ သူ အမြန် ဝရုန်းသုန်းကား ​ရောက်လာချိန်တွင် ကုလီဟန် အံ့အားကြီးစွာဖြင့် ကြက်​သေ​သေကာ ​ပြောစရာမဲ့​နေပုံကို ​တွေ့လိုက်ရသည်။ စုလင်း ကုလီဟန်ရဲ့ လက်ထဲမှ သေတ္တာကို လုယူနိုင်ခဲ့သော်လည်း အရှိန်လွန်ပြီး အားများလွန်းသွားတာကြောင့် ကုလီဟန်ကို တိုက်မိသွားသည်။  ကုလီဟန်က သူ့ကို ဖမ်းမိလိုက်ပြီး နောက်ပြန် ​ခြေတစ်လှမ်းဆုတ်လိုက်ရကာ နှစ်ယောက်စလုံး ဆိုဖာပေါ် လဲကျသွားခဲ့သည်။ သူတို့ လဲကျသွားသောအခါ စုလင်းရဲ့မေးစေ့က ကုလီဟန် ၏ ရင်ဘတ်ကို ရိုက်မိသွားသည်။ စုလင်း နာသွားသည့် ​မေး​စေ့မှ ဒဏ်ရာကို ပွတ်သပ်ရင်း သူ့လက်ထဲမှ သေတ္တာကို မြင်လိုက်ရပြီး လှုပ်ရှားမှုများ ချက်ချင်း ရပ်လိုက်မိသည်။ ထို့နောက်တွင်​တော့ သူ့လက်ကို နောက်​ကျောဘက် ပို့ပြီး အမြန်ဖွက်လိုက်​တော့သည်။

ကုလီဟန် စုလင်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လာသည်။ စုလင်း၏ မေးစေ့ကို လက်မနှင့် အသာအယာ ပွတ်သပ်ရင်း ခဏအကြာတွင် သူက လေသံတိုးတိုးဖြင့်

"ဘာလို့ ဒါဝယ်တာလဲ"

စုလင်း ရှက်ပြီး စကားပါထစ်သွားရကာ

"အမ်၊ ကျ...ကျွန်​တော်..."

စပ်စုချင်တာ?  စမ်းကြည့်ချင်တာ? မှားဝယ်ထားမိတာ?

စုလင်း စိတ်ထဲတွင် အဖြေများစွာ ထွက်ပေါ်လာသော်လည်း အားလုံးက လိမ်​ပြော​နေသလို ဒါမှမဟုတ် ရှက်ဖွယ်လိလိ ဝန်ခံလိုက်သလို ​ကြောက်စရာ​ကောင်း​နေ​တော့သည်။

အစက စုလင်း အသားအရည် ပုံမှန်အတိုင်းရှိ​နေရာမှ ထုတ်​ဖော်ခံလိုက်ရ​သောအခါ နီရဲတွတ်လာပြီး ​ပြောစရာစကားမဲ့​နေပုံမှာ သနားစ​ဖွယ်ပင်။

ကုလီဟန်က သူ့ဆံပင်တွေကို ပွတ်သပ်နှစ်သိမ့်ပေးရင်း

"မလန့်ပါနဲ့။" 

သူက စုလင်း လည်ပင်းကို ငုံ့ကြည့်ပြီး

"မင်း estrus လာ​တော့မှာလား?"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now