Chapter 11.2

5.9K 1K 16
                                    

(Unicode)

ချက်ထားသော ဆား

"ဟုတ်တယ် မြေအိုးသေးလေးထဲကို အဲ့ဒါကို ထည့်လိုက်ပြီးတော့ နောက်ကျ မင်းလိုတဲ့အခါကျရင် အဲ့ဒါကို ထည့်လိုက်လို့ရတယ် အချိန်အကြာကြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားရင်သိမ်းထားသလောက် သူကြေ(အရည်ပျော်)သွားမှာမဟုတ်ဘူး အရသာစပ်ထားတဲ့အရည်ထဲမှာ စိမ်ထားတဲ့ အသားထဲမှာလည်း အဲ့ဒါကို သုံးလို့ရတယ် ဒါဆို အသားကိုလည်း သုံးလို့ရပြီ အကြာကြီးသိမ်းထားလို့လည်း ရတယ်"

"တကယ်လား"အန်းချီလော့က အံ့အားသင့်သွားတယ်။ဆောင်းတွင်းမှာ အစားအစာမလုံလောက်တာကြောင့် တခါတလေ မျိုးနွယ်စုထဲကလူတွေက ဗိုက်ဆာကြတယ်ဆိုတာကို သူသိတယ်။အသားသာ အချိန်အကြာကြီး မပုပ်သိုးအောင် သိမ်းထားလို့ရရင်
ဆောင်းဦးမှာ အစားအစာများများပြင်ဆင်ထားပြီးတော့ ဆောင်းတွင်းကျရင် သူတို့ဖောဖောသီသီ စားသောက်နိုင်မှာပဲ။

"ဟုတ်တယ် အစ်ကိုက မင်းကို ဘာအတွက်လိမ်ရမှာလဲ"သူဘာလို့အရမ်းစိတ်လှုပ်ရှားနေရလဲလို့ ပိုင်မုက အံ့အားသင့်နေတယ်။

"အစ်ကိုကြီးပိုင်မု ကျွန်တော်တို့မျိုးနွယ်စုက ဆောင်းတွင်းတိုင်းမှာ အစားအစာမလုံလောက်တာကို သိတယ်မလား အစားအစာကို ကျွန်တော်တို့က အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ခဲ့ရင် နောက်လာမယ့်ဆောင်းတွင်းမှာ ကျွန်တော်တို့ အရမ်းကြီး ခက်ခဲနေတော့မှာမဟုတ်ဘူး"ဟုတ်မှန်ကြောင်းအဖြေကို ကြားပြီးနောက်မှာ အန်းချီလော့က စိတ်လှုပ်ရှားနေတယ်။

"အိုး ဒါဆို အစ်ကို မင်းကို အရသာစပ်ထားတဲ့အရည်ထဲမှာ အသားကိုစိမ်ဖို့ သင်ပေးမယ်လေ"ပိုင်မုက ညနေခင်းကျရင် နေရာလွတ်ထဲမှာ သံထုတ်လုပ်ရေးစာအုပ်များဖြစ်ဖြစ် ရှိနေမလားလို့ သွားကြည့်ဖို့ စီစဉ်နေတယ်။သူက သံအိုးအချို့ရ‌အောင်လုပ်ပြီးတော့ နောက်ဆို အသားကြော်ဖို့ ဟင်းချက်ဆီလုပ်ရမယ်။ဒါပေမယ့် အခုတော့ ထိုကိရိယာများက သူ့အတွေးအဖြစ်ပဲရှိသေးတယ်။အဲ့ဒါက ဘာမဆိုလုပ်ဖို့ အရမ်းခက်ခဲလွန်းတာပဲ။

"အရမ်းကောင်းတာပဲ"အန်းချီလော့က အရမ်းစိတ်လှုပ်ရှားသွားတယ်။ဆောင်းတွင်းမှာ ဗိုက်မဆာတော့မှာကို သူတွေးရင်း သူက သူ့ရဲ့စိတ်လှုပ်ရှားမှုကို မချုပ်တည်းနိုင်တော့ဘူး။သူ့ရဲ့ရိုးရှင်း‌တဲ့ပျော်ရွှင်မှုလေးကိုကြည့်ရင်း အစားအစာနဲ့အ၀တ်အစားနောက်ကိုသာလျှင် လိုက်တဲ့ သူ(အန်းချီလော့)တို့လို ရိုးရှင်းတဲ့လူတွေအတွက် ပိုင်မုက သူ့ရဲ့နှလုံးသားထဲကနေကို သက်ပြင်းချလိုက်မိတယ်။အိုးရဲ့အောက်ခြေက ဆာ‌းတွေကို စုဆောင်းဖို့အကြောင်း နှစ်ယောက်သားပြောနေကြပြီး ပိုင်မုက နောက်တခေါက် စိုးရိမ်ပူပန်လာပြန်တယ်။သူ့မှာ ပစ္စည်းတွေ ချို့တဲ့နေပြီ။သူက အပြာရောင်သစ်သားထူထူ နောက်တပိုင်းကို ရုတ်တရက်တွေ့လိုက်ပြီး ဆားစုဆောင်းဖို့ ကျယ်၀န်းတဲ့အောက်ခြေနဲ့ ကျဉ်းမြောင်းတဲ့ထိပ်ပိုင်းရှိတဲ့ဂေါ်ပြားတစ်ချောင်းဖြတ်လိုက်တယ်။အန်းချီလော့က သူ့ရဲ့လှုပ်ရှားမှုတွေကို ကြည့်နေပြီး သူ့ရဲ့မျက်၀န်းတွေကတော့ ကိုးကွယ်မှုတွေနဲ့ ပြည့်နှက်နေတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now