18.1

3.9K 467 8
                                    

အခန်း ၁၈ ပွဲ

ယောင်ယောင် မှန်ရှေ့မှာ ရပ်ကာ နောက်ကျောဇစ်ကိုဆွဲဖို့ လုပ်ပေမယ့် မရ သူမ ခေါင်းငုံ့ကာ ဗိုက်ကိုကြည့်လိုက်သည်။ ချင်းကျင်းဆီပြောင်းလာကတည်းက သူမ နေ့တိုင်း အရသာရှိတာတွေစားနေရတာ မသိလိုက်တဲ့ သူမ နည်းနည်းတောင်ဝလာပြီ

သူမ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဝယ်လာတဲ့ ဝတ်စုံတောင် အခု ကျပ်လို့နေတဲ့ထိ

လက်ကိုချကာ နှုတ်ခမ်းစူပြီး ချင်းကျင်းကိုခေါ်လိုက်သည်။ ချင်းကျင်းက အပြင်မှာရပ်ပြီး သူမကိုစောင့်နေတာပင် သူ့ကိုခေါ်သံကြားတော့ ဝင်လာကာ ယောင်ယောင်က "နင့်ကြောင့် ငါဘယ်လောက်တောင်ဝလာလဲကြည့်"���ချင်းကျင်းက သူမကို အပေါ်အောက်ကြည့်ကာ ယောင်ယောင် ကျောကို အကြည့်ရောက်သွားတော့ ဇစ်က တဝက်လောက်ပဲ ပိတ်ထားကာသူမ ရဲ့ နှင်းလိုဖြူတဲ့ နောက်ကျောကို လှစ်ဟထားတာကိုမြင်လိုက်ရသည်။ အံဩဖွယ်ရာ ခံစားချက်တမျိုးကို ရလိုက်သလိုပင် ချင်းကျင်းက ချောင်းဆိုးကာ "ဘယ်မှာ ဝလို့လဲ ကိုယ်တော့ဘာမှကွဲပြားတာ မမြင်ပါဘူး"

ယောင်ယောင်က သူ့လက်ကို ကိုင်ကာ ဗိုက်ပေါ်တင်ပေးပြီ "ကြည့် ဝလာတာ မြင်လား ဘယ်လိုလုပ်မဝရမှာလဲ?"

ချင်းကျင်းရဲ့ လက်ဝါးအကြီးကြီးက ယောင်ယောင်ဗိုက်လေးပေါ်တင်ထားကာ သူမဗိုက်ကို နှစ်ခါလောက်ထိကြည့်ပြီး အမူအရာကတော့ မပြောင်းဘဲ "နည်းနည်းးတော့ ဝနေသလိုပဲ" လို့ပြောလိုက်သည်။

ယောင်ယောင်က သူမလက်ကိုဆွဲကာ "ကြည့် ဒီမှာလည်း အဆီတွေဖြစ်နေပြီ"

"အဲ့ဒါဆို ဝိတ်ချချင်လို့လား?' ချင်းကျင်းက သူမကိုမေးလိုက်သည်။ တကယ်တန်း သူ့စိတ်ထဲမှာ သူမ ဝိတ်ကျတာကိုမမြင်ချင်ပေ သူ့မှာ ခက်ခက်ခဲခဲ သူမကို ဝိတ်တက်အောင် အသားတွေ လှိမ့်ကျွေးထားရတာလေ ဝိတ်ကျသွားရင် ဘယ်လောက်နှမြောစရာကောင်းလဲ မိန်းကလေးတွေက ပိန်တာကိုပဲ သဘောကျကျတယ် ဒါမဲ့လည်းးသူကတော့ ယောင်ယောင် ပြည့်ပြည့်လေးဖြစ်နေတာကိုသာ သဘောကျသည်။ ဖက်ရတာ သက်သောင့်သက်သာရှိတယ်လေ

ယောင်ယောင်က ချင်းကျင်းကိုကြည့်ကာ ပိန်ဖို့နဲ့ အရသာရှိတဲ့ စားစရာကြား တွေဝေနေပြီးမှ​သူမက မေးလိုက်သည်။ "တကယ်လို့ ငါဝသွားရင်ကော နင်ငါ့ကို မလိုချင်တော့ဘူးလား?"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now