Intro

34.8K 1.3K 151
                                    

<Unicode>
"မုန်းတယ် ဟင့် မုန်းတယ် ဟင့်အီးး"

10ထပ်အမြင့်ရှိတဲ့အဆောက်ဦး၏အစွန်ဖျားတွင်ရပ်နေသည့်လူတစ်ယောက်ဆီမှထွက်လာသောစကားသံပင်။ထိုလူသည်အဖြူရောင်သတို့သားဝတ်စုံကိုဆင်မြန်းထားပေမယ့်လက်ထပ်မယ့်သူကမရှိတော့ပေ။

သူလက်ထပ်မယ့်သူကလား အဟင်း မိန်းမခိုးပြေးသွားပီတဲ့လေ...။
အဲ့မိန်းမကလဲတခြားသူမဟုတ်သူ့သူငယ်ချင်းအရင်းခေါက်ခေါက်ပင်...။

"အင့် မုန်းတယ်...."

ရင်ထဲမချိမဆန့်ခံစားနေရမှန်းသူ့ရဲ့ငိုကြွေးနေတဲ့မျက်နှာကိုကြည့်ခြင်းဖြင့်သိနိုင်သည်။အခုဆိုသူ့တွင်ဘာဆိုဘာမှမရှိတော့။အချစ်ရဆုံးချစ်သူနှင့်အချစ်ရဆုံးသူငယ်ချင်း၏ကြိုတင်စီစဉ်ကာနောက်ကျောကိုဓားနဲ့ထိုးခဲ့ခြင်းကြောင့်အိမ်နဲ့ကုမ္မဏီအပြင်ပိုင်ဆိုင်မှုမှန်သမျှဟာသူ့ထံတွင်မရှိတော့။အခုဆိုသတို့နှစ်ယောက်ကကိုယ့်အားအရူးလုပ်ကာကိုယ့်ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများဖြင့်ပျော်နေလောက်ပီလေ။သူကတော့အရှက်နဲ့သက္ခာရောပိုင်ဆိုင်မှုတေရောအားလုံးဆုံးရှုံးသွားပီ။

ရှိသမျှသတ္တိများကများကိုစုကာရှေ့သို့ခြေတစ်လှမ်းထပ်လှမ်းကာနီး....

"အရုပ်လေး!!!"

ကြားလိုက်ရတဲ့အသံလေးကသူရဲ့နောက်ဆုံးမျှော်လင့်ချက်လေး။သူမျှော်နေခဲ့ရတဲ့...

"အရုပ်လေး မောင် ရောင်နီလေ အရုပ်လေးရဲ့ရောင်နီသွေးလေ"

"ရောင်နီ..."

"ဟုတ်တယ်မောင်ပါ"

"ရောင်နီ မလာဘူးလို့ထင်ခဲ့တာ ဟင့် ရောင်နီ့စကားကိုနားထောင်ခဲ့ရမှာ ဟင့် အခု အင့် အခုတော့"

"အဲ့ဒါတေမပြောနဲ့တော့နော်အရုပ်လေး အောက်ဆင်းလာခဲ့နော်"

"ဟင့်အင်း လွမ်း သေချင်တယ် လွမ်း ဟင့် လွမ်း မှာဘာမှမရှိတော့ဘူး အီးး မေမေလဲ  လွမ်းရဲ့သတင်းကြောင့် အင့် နှလုံးဖောက်ပီးဆုံးသွားပီ လွမ်းမှာဘာမှမရှိတော့ဘူး အီးး ဟင့်"

"မောင်ရှိသေးတယ်လေ မောင့်ရဲ့အရုပ်လေးနားမှာ မောင်ရှိသေးတာပေါ့"

Revenge System(Completed)Where stories live. Discover now