Chapter 12.2

5.9K 970 16
                                    

(Unicode)

ကျောက်သားအိုး

လစ်လပ်နေတဲ့မြေကွက်နှစ်ခုကို ကြည့်ပြီး ပိုင်မုက အာလူးအစေ့တွေနဲ့ တွဲလွဲကျနေတဲ့ဖရဲသီးတွေကို စိုက်ပျိုးဖို့ ရှာလိုက်ကာ စင်တစ်စင်လုပ်ဖို့ အပြာရောင်သစ်သားတွေ အသုံးပြုလိုက်ပြီး သူတို့ကို ကြီးထွားစေလိုက်တယ်။ခနကြာပြီးနောက် အပြင်ဘက်မှာ ကြီးထွားနေတဲ့ အာလူးနဲ့ကန်စွန်းဥအချို့ကို ယူဖို့ ရည်ရွက်ချက်တွေနဲ့ ကြည့်လိုက်တယ်။၎င်းတို့က အနာဂတ်မှာ ကောင်းကောင်းအသုံးပြုနိုင်လောက်မယ့် အထွက်နှုန်းကောင်းတဲ့ စပါးတွေဖြစ်တယ်။

စိုက်ကွင်းတွေကို ဂရုစိုက်ပြီးနောက် သူလိုတဲ့ကိရိယာတွေ ရှာဖို့ ကုန်တင်ကားအသေးလေးဆီ ပိုင်မုက တက်လိုက်တယ်။အချိန်အကြာကြီး သူခွဲထုတ်ပြီးတော့ ဒီအချိန်မှာ လိုအပ်နေတဲ့ ဘာကိရိယာမှ ရှိမနေဘူး။ဒါပေမယ့် ဒီမှာ ပစ္စည်းအချို့ရှိနေပြီးတော့ သူလိုအပ်တဲ့အချိန် သူတို့ကို ကောက်ယူနိုင်တယ်ဆိုတာ သူသိတယ်။

နေရာလွတ်ထဲက ထွက်ဖို့ ပိုင်မုက ရေပူစမ်းထဲမှာ ရေစိမ်လိုက်သေးတယ်။ခဲယ်လ်တစ်က ပိုင်မုပြန်လာတာကို ခံစားမိပြီးတော့ သူ့ရဲ့တွဲလောင်းဖြစ်နေတဲ့နှလုံးသားလေးက တည်ငြိမ်သွားတယ်။သူက သူ့ရဲ့မျက်၀န်းတွေကို ပိတ်လိုက်ပြီး အိပ်မောကျသွားတော့တယ်။

ထိုနေ့မနက်စောစောမှာ မျိုးနွယ်စုခေါင်းဆောင် 'အာ'က လာလည်ဖို့ ရှီကျဲကို ခေါ်လာတယ်(နီရှိဇ၀ပါ ရှီကျဲက တရုတ်နာမည်)။ပိုင်မုက အံ့အားသင့်သွားပေမယ့် သူ(မျိုးနွယ်စုခေါင်းဆောင်)က ခဲယ်လ်တစ် မျှော်လင့်ထားတာထဲမှာ ရှိသေးတယ်(ဆိုလိုတာက ခဲယ်လ်တစ်ကတော့ မအံ့ဩဘူး)။ရှီကျဲက မျိုးနွယ်စုခေါင်းဆောင်မိသားစုရဲ့ အငယ်ဆုံးသားဆိုတာကို သူသိပြီးတော့ မနေ့က ပြန်သွားပြီးနောက်မှာ ပိုင်မုရဲ့အခြေအနေကို မျိုးနွယ်စုခေါင်းဆောင်ကို သေချာပေါက်ပြန်ပြောလိမ့်မယ်ဆိုတာ သူသိတယ်။

"ပိုင်မု ဒီနေ့ မင်းကို ရှာဖို့ ငါအထူးတလည်အနေနဲ့ လာခဲ့တာ"မျိုးနွယ်စုခေါင်းဆောင်က အပေါ်ကနေ အောက်ထိ စုန်ချီဆန်ချီကြည့်လိုက်ပြီး သူ(ပိုင်မု)က လှပတဲ့မိန်းမပျိုလေးပဲလို့ တွေးနေတယ်။သူမက ခဲယ်လ်တစ်အတွက် ကောင်းမွန်တဲ့တွဲဖက်ပဲ။ခဲယ်လ်တစ်ရဲ့သားရဲအဖေက သူမသေဆုံးခင်တုန်းက သူ(မျိုးနွယ်စုခေါင်းဆောင်)နဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။သူမသေဆုံးခင်မှာ သူ့ရဲ့ကလေးတွေကို ဂရုစိုက်ပေးဖို့ သူ့ကိုပြောခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now