System Ague

16.8K 1K 61
                                    

<Unicode>

(ဟင် ဘာကြီးလဲ)

(ကျနော်ပြမယ်မျက်လုံးမှိတ်လိုက်ပါ)

လွမ်းမျက်လုံးမှိတ်လိုက်တာနဲ့အကြောင်းရာတေအကုန်လုံးကရုပ်ရှင်မှာပြတဲ့ဖလင်သဏ္ဍန်အစီရီပေါ်လာသည်။

ထက်မြတ်နဲ့ချိန်းတွေ့နေတုန်းနောက်ကလိုက်ချောင်းနေတဲ့မောင်...။

ထက်မြတ်နဲ့သီရိတို့အားလွမ်းနဲ့မပက်သတ်ဖို့ပြောနေတဲ့မောင်..။

ပိုင်ဆိုင်မှုစာခုျပ်ကိုအတုပုံစံပွားကာအစစ်နဲ့လဲနေတဲ့မောင်..။

နိုင်ငံခြားသွားတာမဟုတ်ပဲလွမ်းကိုခနရှောင်ပေးကာထက်မြတ်တို့အကြောင်းကိုဖော်ထုတ်ရန်သတ်သေစုနေတဲ့မောင်..။

သီရီနဲ့ထွက်ပြေးသွားတဲ့ထက်မြတ်တို့ကားအားအရှိန်ဖြင့်ဝင်တိုက်ကာကားထဲမှမလုှပ်နိုင်တော့တဲ့သူနှစ်ယောက်ကိုဓာတ်ဆီလောင်းကာမီးရှို့ပီးကားပေါက်ကွဲမှုဖြစ်အောင်လုပ်ခဲ့တဲ့မောင်...။

နောက်ထပ်ထပ်မြင်ရတာက..

အိပ်နေတဲ့လွမ်းရဲ့နှဖူးလေးကိုအမြတ်တနိုးနမ်းနေတဲ့မောင်...။

ပျော်ရွှင်နေတဲ့လွမ်းရဲ့ပုံရိပ်လေးတေကိုဓာတ်ပုံခိုးရိုက်နေတဲ့မောင်...။

ပီးတော့..မောင့်ရဲ့အိပ်ခန်း...လွမ်းပုံများပြည့်နေကာထိုပုံများကိုကြည့်ပီးစကားပြောလိုက်နမ်းလိုက်လုပ်နေတဲ့မောင်...။

လွမ်းရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်လေးကိုသွေးသံရဲနေတဲ့လက်ဖြင့်ရင်ခွင်ထဲဆွဲသွင်းကာနှုတ်ခမ်းလေးအားနမ်းနေရင်းအသက်မဲ့သွားတဲ့မောင်..။

ပုံရိပ်များပျောက်ကွယ်သွားတော့လွမ်းရေရွတ်မိသည်က...

"မောင်ရယ်..."

ရောင်နီသွေးဆိုတဲ့မောင်ကလွမ်း10နှစ်အရွယ်ကဒယ်ဒီတို့မွေးစားခဲ့တဲ့သူ။လွမ်းကိုအရမ်းဂရုစိုက်သလောက်အရမ်းချုပ်ချယ်တာကြောင့်အမြဲတမ်းအရွဲ့တိုက်ခဲ့ဖူးသည်။

(hostအဆင်ပြေရဲ့လား)

(အင်း ငါကဘယ်အချိန်ပြန်ရမှာလဲ)

Revenge System(Completed)Where stories live. Discover now