၃၀..အလဟသ

3.7K 375 4
                                    

[Unicode]


သူမလက်ချောင်းတွေက သူ့နဖူးကနေ‌ဖြူဖျော့နေတယ့်ပါးပြင်တွေဆီကိုဆင်းသက်သွားသည်၊ သူ့၏ကြွေလိုအရေပြားပေါ်ကမမြင်နိုင်တဲ့ရေစလေးတွေလို သုတ်ပေးဟန်ဆောင်ကာ"တကယ်လား?"

ခွေးတစ်ကောင်ကသူ့သခင်ကို အမြီးနှဲ့ပြနေသလိုမျိုး "မင်းလိမ်တယ်ဆိုရင်တောင် ငါဂရုမစိုက်ပါဘူး"ဟုလီဟန်ဖြေလိုက်သည်။

လီဟန်နှင့်သူမအကြည့်ချင်းဆုံသွားကြကာသူ့အကြည့်များသည် နူးညံ့နေ၍နှုတ်ခမ်းပါးကပင်ပြုံးပြနေသေးသည်၊သူ့မေးကိုကိုင်ထားတယ့် သူမလက်ကိုဆွဲယူလိုက်ပြီးနောက်နွေးထွေးတယ့်လက်ချောင်းတွေနဲ့သူမလက်ဖဝါးကိုဆုပ်ကိုင်လိုက်သည်။

"စုရှင်း,မင်းအဲ့ထက်ပိုလိမ်ပြောလည်းရတယ်"

အဓိက‌ဇာတ်ဆောင်သည် သူရဲ့ခေါင်းကိုငုံ့လိုက်ကာသူမလက်ချောင်းများကိုညင်သာစွာနမ်းရှိုက်လိုက်သည်၊သူပြောသလိုဆိုရင် သူကငါ့ကို ဆက်လိမ်စေချင်တာလား? 'လခွမ်း,ရှင်ကသာကျွန်မကိုရူးအောင်လုပ်နေတာပါ!'

"ကျေးဇူးပြုပြီး"

လီဟန်ကသူမလက်ကို မစွန့်ပစ်ခံချင်တဲ့ ကလေးတစ်ယောက်လိုဆုပ်ကိုင်ထားသည်၊စုရှင်းကြည့်ကာတုန်လှုပ်သွား၏။သူမအပူလောင်သွားသလိုမျိုး သူမလက်ကိုသူ့ဆီကနေအမြန်ဆွဲထုတ်လိုက်ပြီးခြေလှမ်းများနောက်ဆုတ်ကာ သူမတို့နှစ်ယောက်ကြားအကွာအဝေးတစ်ခုထားလိုက်သည်။

"ရူးမိုက်လိုက်တာ"

မတရားလိုက်တာ၊ဒါက ဘယ်လိုအဓိပ္ပာယ်ကြီးလဲ?နံရံကိုသာ ခေါင်းနဲ့ပြေးတိုက်လိုက်ချင်တော့တယ်၊ဒါကမှ တစ်ကယ်ငါ့ကိုရူးအောင်လုပ်နေတာ!

စုရှင်းအပြုံးများ အနည်းငယ်ဖျော့လာတော့သည်"လီဟန်,ရှင်ကအရူးပဲ"

'ငါက ဗီလိန်တစ်ယောက်ပါ၊ဘာလို့..ငါ့ကိုကြိုက်ရတာလဲ?ဒီအဓိကဇာတ်ဆောင်က သိသိသာသာခေါင်းထဲမှာပါဖျားနေပြီ!

တံခါးခေါက်သံတစ်ခုထွက်ပေါ်လာပြီးနောက်ချူဝမ်ဝမ်က စိုးရိမ်နေသောလေသံဖြင့် "အရှင်မင်းသား,ဆေးသောက်ဖို့အချိန်ရောက်နေပါပြီ"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now