Cha-48

6.3K 1.3K 94
                                    

[Unicode]

'Young People Want High' ဇာတ်လမ်းတွဲ၏ နောက်ခံ‌အကြောင်းအရာမှာ 'စရိတ်နည်းခရီးသွားခြင်း' ဖြစ်၏။

ဒါရိုက်တာလုပ်သူမှာ အထူးဧည့်သည့်တော်အပေါင်း၏ပိုက်ဆံဟူသမျှကို သဲသဲမဲမဲသိမ်းယူသွားရုံသာမက ဘယ်ဖြတ်သန်းဖြတ်လာတိုင်းကမှ သူတို့အားမမှတ်မိနိုင်တာသေချာစေရန် အလွန်ပုံဆိုးပန်းဆိုးမိတ်ကပ်လိမ်းခြယ်မှုကိုပါတမင်တကာပြုလုပ်ပေးသွားခဲ့သေးသည်။ ထို့နောက်တွင် ကုန်ပစ္စည်းများအားပစ်ချထားခဲ့သလိုမျိုး သူတို့အားလုံးကိုလေဆိပ်တွင်ချထားခဲ့၏။

၎င်းတို့ဟာ တကယ့်ကိုငွေကြေးအမြောက်အမြားသုံးစွဲတဲ့ရိုက်ကူး‌ရေးအဖွဲ့ဖြစ်ပြီး အပိုင်းတခုစီတိုင်းတွင် ratings ကောင်းတာသေချာစေရန် အနုပညာကြယ်ပွင့်ကြီးများကို ဖိတ်ခေါ်ယူတတ်သည်။

ယခုတခေါက်မှာတော့ သူတို့ဟာဆယ်စုနှစ်ကျော်ကြာတဲ့အထိ ဒီနယ်ပယ်အသိုင်းအဝန်းထဲမှာရေပန်းစားကျော်ကြားနေဆဲဖြစ်သော အကျော်ဇေယျစူပါစတားဖြစ်သူ ရဲ့ယွင်လန်ကို ဖိတ်ခေါ်ထားခဲ့သည်။

ရဲ့ယွင်လန်၏အနုပညာလမ်းကြောင်းမှာ အလွန်လွယ်ကူချောမွေ့ခဲ့သည်။ သူမဟာ အသက် ၁၆ နှစ်အရွယ်မှာစတင်ပွဲဦးထွက်ခဲ့ပြီး ထိုအချိန်ကတည်းကစ၍ တဟုန်ထိုးအောင်မြင်ကျော်ကြားလာခဲ့၏။

ထိုနောက်ပိုင်းမှစ၍ သူမပါဝင်ခဲ့တဲ့ဇာတ်ကားတိုင်းလိုလိုဟာ rating ကောင်းကောင်း Box Office ကောင်းကောင်းရရှိခဲ့ပြီး သူမအတွက်ကတော့သရုပ်ဆောင်ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့တာပင်။

သူမသည် ယခုနှစ်တွင် အသက် ၃၅ နှစ်ရှိနေပြီဖြစ်သော်လည်း ပြုပြင်ထိန်းသိမ်းမှုကောင်းမွန်သောကြောင့် အသက်နှစ်ဆယ်ကျော်စအရွယ် မိန်းမပျိုလေးတစ်ဦးကဲ့သို့ နုနယ်ပျိုမြစ်သောအသားအရေ၊ လှပတင့်တယ်သောမျက်နှာလေးနှင့် ရင်သပ်ရှုမောဖွယ်ကောင်းပြီးရွှန်းစိုလက်နေသောမျက်ဝန်းတစ်စုံရှိနေသေးသည်။

ယွီရှင်းသည် သူမအားမြင်လိုက်ရတဲ့အခါ သူ့မျက်လုံးများကို သူမဆီကလွှဲဖယ်မပစ်နိုင်တော့ပေ။ ယွီချင့်ဟွမ်အကျီလက်ကို စိတ်လှုပ်ရှားခြင်းကြီးစွာဖမ်းဆွဲထားလိုက်ပြီး အစဥ်မပြတ်ပြောနေ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now