Part -11

24.9K 2K 122
                                    

Part - 11

                My Oleander Hubby

ကိုယ် မနက်စာစားတာ ပြီးခါနီးမှ ထမင်းစားခန်း
ထဲကို လေးကွေးစွာဝင်လာတဲ့ ရာဇ်ကိုမြင်တာနဲ့
လက်ကနာရီကိုကြည့်လိုက်မိတော့ မနက်ရှစ်နာ
ရီခွဲ ။ တဆက်ထဲ ရာဇ်ရဲ့လက်ကိုကြည့်လိုက်
မိတယ်။ ကိုယ်ဝယ်ပေးထားတဲ့ နာရီကိုပတ်
ထားတာမရှိခဲ့ ။ ဘယ်ဂျောင်သာထိုးထားပြီမသိ ။

ထမင်းစားပွဲမှာ သူဝင်ထိုင်လိုက်တာနဲ့ အိမ်အကူ
ကလေးမလေးတွေက မနက်စာအဆင်သင့်ပြင်
ဆင်ပေးကြတဲ့အခါ ရာဇ်ကတော့ ဘာဆိုဘာ
စကားမှ ပြောမနေပဲ မနက်စာကိုငြိမ်သက်စွာ
စားနေတော့သည် ။ ကိုယ်က မနက်စာစားပြီး
သည့်တိုင်ရာဇ် စားနေတာကိုထိုင်စောင့်နေရင်း
ကော်ဖီတစ်ခွက်ကို ဇိမ်ခံပြီးသောက်နေလိုက်
တယ် ။

အရင်ကဆို ကော်ဖီခါးခါးသောက်တက်တဲ့ကိုယ့်
ကို ---

* လူကြီး! !! ကော်ဖီကို အဲလောက်ခါးတာကြီး
မသောက်စမ်းပါနဲ့ဗျာ ၊ ရောဂါရမယ် ၊ ကျွန်တော်
ပြန်ပြင်ပေးမယ်နော် *

ဆိုပြီး သူ့အတွက်ဆောင်ပေးထားတဲ့ သကြားဘူး
ထဲကနေ သကြားတွေခပ်ထည့်ရင်းပြန်ဖျော်ပေး
တက်သည် ။ အခုတော့! !! အခုများတော့ ကိုယ့်
ရဲ့အရာရာတိုင်းဟာ သူနဲ့လုံးဝမသက်ဆိုင်တော့
သလိုမျိုး လစ်လျူရှူတက်နေပြီ ။ မထင်ရင်
မထင်သလို အရွဲ့တိုက်တာလေးပါ ပေါင်းပြီးပေါ့ ။

ကိုယ့်ကြည့်နေတုန်းမှာပဲ ရာဇ်က မနက်စာစား
တာကို လက်စသတ်လိုက်တာမို့ သူထမသွား
ခင် ကိုယ်ပြောချင်တဲ့စကားကို အမြန်ပြောလိုက်
ရသည် ။

" မင်း မနက်စာ စားလို့ပြီးရင် အခန်းထဲ လိုက်ခဲ့
ပေးဥိီး ၊ ပြောစရာရှိတယ် "

ကိုယ့်စကားဆုံးတာနဲ့ ရာဇ်က စားပွဲကနေထရပ်
လိုက်သည် ။ ကိုယ့်ကိုလုံးဝရှိနေတယ် မထင်တဲ့
အချိုးမျိုးနဲ့ပေါ့ ။ စိတ်မတိုချင်ပေမယ့် စိတ်တိုရ
ပြန်ပြီ ။

"သက္ကရာဇ်! !! ဒါကဘယ်ကိုလဲ ၊ ငါပြောတာ
မကြားဘူးလား "

ရာဇ်က ပြန်လှည့်ကြည့်လာရင်းကနေ ---

" ဘယ်ကိုရမှာလဲ ၊ ခင်ဗျားပဲ အခန်းထဲလိုက်
ပေးဦးဆို ၊ အခန်းထဲသွားမလို့လေ "

My Oleander Hubby ( Completed ) Where stories live. Discover now