၃၁..လောင်ကျွမ်းသွားရမည်ဆိုရင်တောင်

3.7K 392 7
                                    

[Unicode]

အစတွင် ဗီလိန်မ၏အကြံအစည်ကျရှုံးခဲ့သည်၊အဓိကဇာတ်ဆောင်သည် သူမ၏အဆိပ်ဖြင့်မသေခဲ့ပါ။

ပြောစရာမလိုရအောင် ချစ်လှစွာသောနန်းဘုရင်ကအဓိကဇာတ်ဆောင်မင်းသမီးကို ဘယ်တုန်းကမှ သံသယမ၀င်ခဲ့ချေ၊စစ်သူကြီးမင်ကို ဦးဆောင်ခိုင်း၍နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမိန့်ပေးလိုက်မည်ဖြစ်သည်။

ထို့နောက်ဆက်လက်စုံစမ်းမှုများအရ တရားခံသည်ဘယ်အမတ်ချုပ်အိမ်တော်မှအကြီးဆုံးတရားဝင်သမီး- ပိုင်စုရှင်း မှလွဲ၍အခြားသူမဟုတ်ကြောင်းသက်သေပြခဲ့သည်၊သဘာဝအတိုင်း, ဖမ်းဆီးခံရသူမှာ အမျိုးသမီး၏ဖခင် ဘယ်အမတ်ချုပ် ပိုင်မုရိုဖြစ်သည်။

ထို့ကြောင့် မိန်းမလှလေးချူ၀မ်၀မ်သည်အကျဉ်းထောင်မှလွတ်မြောက်လာမည်ဖြစ်သည်။

ပိုင်မိသားစု နှင့်၎င်း၏ဆွေမျိုးများအာဏာ သုံး၍လောဘဇောနှင့်အကျင့်ပျက်ချစားမှု တို့သည် လီအင်ပါယာမှလူများငတ်မွတ်မှုနှင့် ဆင်းရဲခြင်းကို ကြုံတွေ့ရသည့်အကြောင်းရင်း တစ်ခုဖြစ်သည်၊တိုက်ဆိုင်စွာပင်, လာဘ်ပေးလာဘ်ယူ သို့မဟုတ်မသင့်လျော်သောလက်ဆောင်များ၊ရွေးကောက်ပွဲများကို လှည့်ဖြားထားခြင်း၊ဘဏ္ဍာငွေအလွဲသုံးစားလုပ်ခြင်းနှင့်အင်ပါယာ၏ သာမန်/ဆင်းရဲသား နိုင်ငံသားထံမှ ငွေကြေးခဝါချခြင်းအပါအဝင် ပိုင်မိသားစု၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ အထောက်အထားများပါ တရားရေးဝန်ကြီးရုံးတွင် ထူးထူးခြားခြားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

နဂါး၏သားတော်ကိုသတ်ရန် ကြိုးပမ်းခြင်းသည် ကြီးလေးသောသစ္စာဖောက်မှုဖြစ်ပြီး မျိုးရိုးကိုးဆက်စာအပြစ်ပေးခံရမည်ဖြစ်သည်။

ဧကရာဇ်အမိန့်ဖြင့်အပြစ်ရှိကြောင်း ကြေညာပြီး ပိုင်မုရိုအား ဖြည်းညှင်းစွာလှီးဖြတ်သတ်ရန်နှင့်သူ့၏သမီးကိုတော့ အဆိပ်လက်ဖက်ရည်သောက်ရန်အမိန့်ပေးခဲ့သည်။

သို့သော် ဧကရာဇ် လီဟိုင်သည်ပိုင်မိသားစု၀င်တစ်ချို့နှင့်အခြားအဖွဲ့ဝင်များကိုတော့ နှမြောတသဖြစ်ခဲ့သည်၊ထို့ကြောင့် သူတို့ကိုမြို့တော်မှ နှင်ထုတ်ခဲ့သည်၊ဒါအတွက် ဝတ္ထုမှာဘာအကြောင်းပြချက်မှဖော်ပြမထားပေ၊ဧကရာဇ် လီဟိုင်က လူနှစ်ယောက်သေဆုံးခြင်းသည်အခြားသူများကို သတိပေးရန်လုံလောက်သည်ဟုသာဖော်ပြထားသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now