Chapter 13.1

5.7K 919 5
                                    

(Unicode)

မျိုးနွယ်စုခေါင်းဆောင်ထွက်သွားပြီးနောက် နီရှိဇ၀က နေခဲ့တယ်။အန်းချီလော့က  သူ့ကို တရွတ်တိုက်ဆွဲခေါ်သွားပြီး နှစ်ယောက်သားက ဆားကို ဆက်ချက်ကြတော့တယ်။ သူတို့မိသားစုကလည်းပဲ အနာဂတ်ကျရင် အသားဆားနယ်ခြောက်တွေကို လုပ်ရလိမ့်မယ်။ဒါကြောင့် အန်းချီလော့က ပိုပြီး ပြင်ဆင်ထားရမယ်။ဆားစုဆောင်းဖို့ သူတို့အသုံးပြုနေတဲ့ ဂေါ်ပြားအသေးလေးက မနေ့ကတစ်ခုထက် ပိုပြီးလှတယ်။ဒါကို ပိုင်မုက နည်းနည်းနောက်ကျတော့မှ လုပ်ခဲ့တာ။ပြီးတော့ အလျင်စလိုမလုပ်ခဲ့တာကြောင့် ၎င်းက နည်းနည်းပိုပြီးကောင်းမွန်နေတာ။

ခြင်္သေ့လေးက ပျော်ရွှင်စွာနဲ့ သူ့ရဲ့ဂန္တ၀င်ရေခွက်ကို ကြွားဖို့ ထွက်‌သွားပြီးပြီ။ခဲယ်လ်တစ်က မနေ့က သားကောင်အများအပြားကို  ယူပြန်လာခဲ့တယ်။သူ ဒီ‌နေ့ အပြင်ထွက်ဖို့ မလိုတာကြောင့် ပိုင်မုနဲ့အတူ အိမ်မှာ နေ,နေတယ်။သူ့(ပိုင်မု)အတွက်လိုတဲ့တစ်ခုခုမှန်သမျှ လုပ်ပေးဖို့ အဆင်သင့်ပဲ။

ပိုင်မုက အခု ခြင်းတောင်းနဲ့နောက်ကျောမှာလွယ်တဲ့ခြင်းကို ဘယ်လိုရက်ရမလဲဆိုတာ လေ့လာနေတာ။ပိုင်မုရဲ့အဖွားရဲ့မိသားစုက တောင်ခြေရွာငယ်လေးမှာ နေခဲ့ပြီး သူငယ်ငယ်လေးတုန်းက သူ့အဖွားအိမ်မှာ က‌စားလေ့ရှိတယ်။ လယ်ထဲမှာ အလုပ်လုပ်ဖို့ အပြင်ထွက်တဲ့အချိန် အဲ့ဒီက မိန်းမကြီးတွေက ကျောပေါ်မှာ ခြင်းတောင်းတွေ သယ်ဆောင်သွားကြတာကို သူမှတ်မိသေးတယ်။သူတို့ပြန်လာတဲ့အခါကျရင် ၀က်စာတပုံတစ်ခေါင်းကြီး သယ်ပြန်လာကြရော။စုဆောင်းဖို့ အပြင်ထွက်တဲ့အချိန် ဒါက ကောင်းတဲ့အရာပေမယ့် ၎င်း(ခြင်းတောင်း)က ထိုးဖို့တော့ အရမ်းခက်ခဲတယ်။

သူက အပြာရောင်သစ်သားကို ခွဲလိုက်ပြီး အဲ့ဒါကို အမြှောင်းလေးတွေ လုပ်လိုက်တယ်။ထို့နောက် ဘယ်လိုထိုးရမလဲဆိုတာ လေ့လာတော့တယ်။ဒါက ဒီညတော့ မပြီးနိုင်ဘူး။သူက သူ့ရဲ့အဖိုး ခြင်းတောင်းတစ်လုံးရက်နေတာကို သူကလေးအရွယ်တုန်းက တွေ့ခဲ့ပေမယ့်လည်း  အချိန်တွေကုန်လွန်သွားတော့ အခု မထင်မရှားမှတ်ဉာဏ်တွေသာလျှင် ကျန်တော့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now