19.1

3.8K 441 12
                                    

အခန်း ၁၉ ပါးသုံးချက်

ယောင်ယောင်က ခေါင်းငုံ့ကာ မျက်လုံးထဲက မုန်းတီးမှုတွေကိုဖုံးကွယ်ပြီး သူ့လက်ပေါ် သူမလက်ကိုတင်လိုက်သည်။

"ဂုဏ်ယူစရာပါ"

တကယ့်ကို ဂုဏ်ယူစရာပင် ဒိီလိုလူကိုမှတ်မိနေဖို့ကလေ

ချန်ဟောက်က ယောင်ယောင်ကို ကတဲ့အထပ်ကို ခေါ်သွားလိုက်သည်။ အစက တက်ကြွနေတဲ့ ထို အက နေရာက ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ ရှိုးကြိုက်တဲ့သူတွေက လင်းဖေးကို ကြည့်လာကြသည်။ လင်းဖေးကလည်း သူတို့ကို စိတ်မပျက်စေရဘဲ ချက်ချင်းအမြန်သွားလိုက်သည်။ ဒါမဲ့လည်း သူမဘေးမှာရှိတဲ့ သူငယ်ချင်းနှစ်ယောက်က သူမကို တားလိုက်ကြသည်။ ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ လင်းဖေးတစ်ခုခုလုပ်မယ်ဆို သေချာပေါက် မျက်နှာပျက်စရာဖြစ်မှာလေ ဒါမဲ့လည်း လင်းဖေးကို အဲ့လို တားလိုက်တာနဲ့တင်ကို မျက်နှာပျက်စရာဖြစ်နေပြီးပြီဆိုတာကိုတော့ သူတို့ မသိလိုက်ကြ

ဒုံဒုံနဲ့ တခြားလူတွေက ချင်းကျင်းကိုမေးခွန်းထုတ်နေရာကနေ တိတ်သွားကာ ယောက်ျားလေးတွေ အကုန်လုံး ကတဲ့နေရာကို အလိုလိုလှမ်းကြည့်မိလိုက်ကြသည်။ ချင်းကျင်းကလည်း သူတို့ တိတ်သွားတာကို သတိပြုမိကာ လိုက်ကြည့်လိုက်သည်။

အစက ပြုံးနေရာကလည်း ချက်ချင်းတည်သွားတော့သည်။

ဒီမြင်ကွင်းကို ကြည့်ပြီးလူတိုင်း မတူညီတဲ့ အတွေးတွေနဲ့

လူနှစ်ယောက် ကတဲ့နေရာကို ဝင်လိုက်တဲ့ချိန်မှာပဲ နောက်ဆုံးသီချင်းက ပြီးသွားကာ သူတို့နေရာယူတော့ ယောင်ယောင်က ချန်ဟောက်ခြေထောက်ကို တက်နင်းလိုက်ပြီးမှ အံဩသလို တောင်းပန်ကာ "တောင်းပန်ပါတယ် တက်နင်းမိဖို့ မရည်ရွယ်ပါဘူး နာသွားသေးလား?"

"အဆင်ပြေပါတယ်" ချန်ဟောက်က မျက်နှာတည်နဲ့ ပြန်ဖြေလိုက်ပေမယ့် စိတ်ထဲမှာတော့ ယောင်ယောင်ကက အားကုန်သုံးပြီး သူ့ကိုနင်းလိုက်တာလို့ ထင်ုလိုက်မိသည်။

ဒါမဲ့လည်း အဲ့ဒါက ထင်မြင်တာ မဟုတ်ကြောင်း အမြန်သိလာရတော့သည်။ သူမက သူ့ကို သေချာကို တက်နင်းနေတာ ခြေလှမ်းတိုင်းမှာယောင်ယောင်ကချန်ဟောက်ခြေထောက်ကိုတက်နင်းတယ် သူမ အမူအရာက တောင်းပန်နေပြီး အပြစ်ကင်းသလိုဖြစ်နေပေမယ့် သူမက သူ့ကို နင်းတိုင်း အားကုန်သုံးနင်းနေတာ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now