အပိုင်း(၂၃)

90.7K 6.7K 636
                                    

မနက်ဖြန်တွင် mini test တစ်ခု ဖြေရမည်ဖြစ်၍
စာကြည့်နေသော်လည်း စိတ်မပါဘဲ
နာရီကိုသာ တကြည့်ကြည့်လုပ်နေသည့်
ရှန်ခွန်းနောင်၏ မျက်နှာလေးက အချိန်ကြာလာတာနဲ့အမျှ
တဖြည်းဖြည်း ငိုမဲ့မဲ့လေး ဖြစ်နေခဲ့ပြီဖြစ်သည်။

Messenger တွင်ပို့ထားခဲ့သည့်

' ကိုကို အိမ်ပြန်ရောက်ပြီလား'

ဆိုသည့် ည ၇ နာရီခန့်တွင် ပို့ထားခဲ့သော
message ကို အခု ည ၁၁ နာရီခွဲသည်အထိ
ကိုကိုက စာမပြန်လာခဲ့။

သူခေါ်သမျှ Ph call တွေကိုလည်း မကိုင်ဘဲနေနေတာမို့..
ရှန်ခွန်းနောင် စိုးရိမ်စိတ်လေးတွေပင်
ဖြစ်တည်လာခဲ့ရပြီ။

"လမ်းခွဲတော့မှာလား.."
"ဟင့်အင်း.. ဘယ်လိုဖြစ်နိုင်မှာလဲ"

ကိုယ်တိုင်မေး၊ကိုယ်တိုင်ဖြေ ၍ ရှန်ခွန်းနောင်
တကယ်ပင် အတွေးလွန်လာရပါသည်။

ကိုကို့ဆီသို့ ဖုန်းထပ်
ဆက်လိုက်မိသည်။

ဖုန်းသည်တတူတူဖြင့်ဝင်နေပြီးနောက် တစ်ဖက်က
ဖြေကြားခြင်းမရှိဘဲ ကျသွားခဲ့ပြန်သည်။

ဒီနေ့ ကိုကိုက stream နားသည့်ရက်မို့
သူငယ်ချင်းတွေနဲ့အပြင်သွားတယ်ဆိုရင်တောင်
ဒီအချိန်ထိ နောက်ကျအောင်တော့
နေဖူးခဲ့တာမှမဟုတ်တာ..။

သူ့ကို စိတ်ဆိုးနေ၍ သက်သက်မဲ့ လျစ်လျူရှုပြီး
ဖုန်းမကိုင်တာပဲ ဖြစ်သည်။

ဖုန်းကို နောက်တစ်ခေါက် ပြန်ဆက်လိုက်မိသည်။
ဒီည ကိုကို့အသံမှ မကြားရရင်
သူအိပ်ပျော်နိုင်မှာမဟုတ်။

ဖုန်းဝင်နေသည့်အသံကိုပဲ နားထောင်နေမိပြီး
ကျခါနီးအချိန်မှတစ်ဖက်ကကိုင်လိုက်သော
ကြောင့်ရှန်ခွန်းနောင်ရဲ့ မျက်လုံးလေးတွေ
အရောင်လက်သွားခဲ့ရပါသည်။

"ကိုကို.."

" အင်း.."

"အိမ်ရောက်နေပြီလား.."

"ရောက်ပြီ"

"ဘယ်အချိန်ကရောက်တာလဲ.."

"၉ နာရီ"

ကိုကိုက သူတစ်ခွန်းမေးလျှင်
တစ်ခွန်းသာဖြေနေသည်။
အသံသည်လည်း အရင်လို နွေးထွေးမှုမရှိ။

RO ( ရို ) (Completed)Where stories live. Discover now