ရသ(Arc-1.1)

15.1K 1.1K 15
                                    

<Unicode>
"ပီးတော့ ဒီမှာ ခများကျနော်ပို့တဲ့ပန်းချီတေကိုမြင်ပီးတုံပြန်တဲ့အမူရာမှန်သမျှကဒီစာအုပ်ထဲမှာမှတ်တမ်းတင်ထားတယ်"

"ဘာစာအုပ်လဲ နင်ဘာဖြစ်ချင်နေတာလဲ ကိုမင်းလာသွားမယ်သူပြောတာကိုနားထောင်မနေနဲ့"

"မောင်!"

"....."

"ပန်းချီရဲ့ဘယ်ဘက်ထိပ်မှာ မောင်ဆိုပီးစာလုံးလေးပါတယ်"

ရသရဲ့စကားကြောင့်မင်းအတ္တရဲ့ခြေလှမ်းများရပ်တန့်သွားတော့သည်။

"မင်း မင်းကတကယ်ပဲ.."

"ဟုတ်တယ် ကျနော်ပဲ"

"မင်းကငါ့ကိုစိတ်ဝင်စားနေတာလား"

"ကျနော်..."

"ငါgayတေကိုမုန်းတယ်"

"သိတယ် ခဗျားကိုဖွင့်ပြောဖို့လဲအစီစဉ်မရှိခဲ့ပါဘူး အခုဟာကမျက်နှာပြောင်တဲ့လူကြောင့်ဝင်ပါလိုက်ရတာ အနှောက်ယှက်ပေးမိပီ"

ပြောကာထွက်သွားတဲ့ရသကိုကြည့်ပီးမင်းအတ္တမှာထိုနေရာမှာပဲရသပေးခဲ့တဲ့စာအုပ်ကိုကိုင်ကာကျန်နေခဲ့သည်။

"ကိုမင်း ရတီမရည်ရွယ်ပါဘူ ဟို ရတီ ရတီက"

ရတီရဲ့စကားကိုလျစ်လျူရှုကာထွက်သွားတဲ့မင်းအတ္တကြောင်ရတီမှာမျက်နှာပျက်သွားတော့သည်။ဘေးကလူများကသူ့အားကွက်ကြည့်ကွက်ကြည့်လုပ်နေတာကြောင့်ရှက်ကာသူလဲထိုနေရမှထွက်လာလိုက်သည်။

>>>>

မင်းအတ္တသူ့လက်ထဲကစာအုပ်ကိုကိုင်ကာဝေခွဲမရဖြစ်နေသည်။သူကgayတေကိုအလွန်မုန်းသည်။သို့ပေမယ့်ထိုကောင်လေးကိုတော့မုန်းတယ်လို့မခံစားရပေ။ထို့ုပြင်သူ့နှုတ်ကထွက်လာတဲ့မောင်ဆိုတဲ့နာမ်စားလေးကိုသဘောကျနေမိသည်။ထိုနာမ်စားလေးဖြင့်သူ့အားခေါ်စေချင်နေမိသည်

*မင်းကဘာလေးလဲကွာ*

အတွေးနဲ့အတူစာအုပ်လေးကိုဖွင့်ကာဖတ်ကြည့်လိုက်သည်။ပထမဆုံးပန်းချီစရတဲ့နေကစပီးdateအပါဝင်သူတုံ့ပြန်တဲ့အမူရာတိုင်းကိုအသေးစိတ်ချရေးထားတာတွေ့ရသည်။တစ်မျက်နှာချင်းကိုရင်ခုန်စွာဖတ်နေရင်းနောက်ဆုံးစာမျက်နှာအရောက်ချက်ချင်းမျင်နှာပျက်သွားသည်။နောက်ဆုံစာမျက်နှာလေးကလွတ်နေသည်။တနည်းပြောရရင်ဒီနေ့အတွက်စာမျက်နှာမှာဘာမှရေးမထားပေ။

Revenge System(Completed)Where stories live. Discover now