RVTICF Chapter-(26)

3.1K 477 17
                                    

CHAPTER-(26)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ရှောင်းဟန် ခေါင်းငြိမ့်၏။

"ကျွန်တော်တို့ ရှောင်းအုပ်စုရဲ့အင်အား အများစုကိုဒီပရောဂျက်မှာ မြုပ်နှံဖို့ခန့်ခွဲထားပြီးသားပါ။ ဒီပူးပေါင်းမှုလိုမျိူး တကယ်အရေးကြီးတာတွေကို ပရောဂျက်မှာ တွဲပေးထားပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့ရဲ့ပူးပေါင်းမှူနဲ့ ဖွံဖြိုးမှုအတွက် အကောင်းဆုံးနည်းတွေရှာဖွေနေပါတယ်။"

ချူရှောင်းနဲ့ရှောင်းဟန် ကိုယ်စီရင်းနှီးမြုပ်နှံမှု အစီအစဥ်တွေဆွေးနွေးကာ ပရောဂျက်ရဲ့လူအင်အား ခွဲဝေမှုကိုလည်းပြောဖြစ်ကြသည်။ ရှောင်းဟန်က ဒီအရာတွေသိနေတာ သဘာဝကျသည်။ နောက်ဆုံးတော့လည်း သူကစီးပွားရေးရဲ့ အကောင်းတကာအကောင်းဆုံးသူသာ။

သို့သော်လည်း အဲ့တာတွေအကြောင်း ချူရှောင်းအသိအမြင် များလိမ့်မယ်လို့တော့ ရှောင်းဟန်မျှော်လင့်မထား။ ပရောဂျက်ကို လုံးဝကြီးနားမလည်ရင်တောင် ချူရှောင်းရဲ့နားလည်မှုက နှစ်ယောက်ကြားစကားဝိုင်းကို ဆက်ထိန်းထားနိုင်သည်။

သူတီးမိခေါက်မိသလောက် ချူတုံ့ချီနဲ့ဖန်ချင်းက သူတို့သမီးကိုအလွန် ချစ်သည်။ သူတို့ကကျန်းမာပြီး အလုပ်ကိုလည်းမြတ်နိုးတာကြောင့် သူတို့သမီးကိုလေ့ကျင့်ပြီး ကုမ္ပဏီကိုလွှဲယူခိုင်းဖို့ အလျင်မလိုကြပေ။

အဲ့အစား သူတို့သမီးလေး ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ခံစားစေချင်ကြောင်း ကြားရ၏။ ဒါကြောင့် သူမဘွဲ့ရပြီးမှ ကုမ္ပဏီကိုဝင်လာဖို့ စီစဥ်ထားကြသည်။

ချူရှောင်းယိချန်နဲ့ လမ်းခွဲလိုက်တာသိပ်မကြာသေးဘဲ ဆေးရုံတတ်လိုက်ရသည်။ ကိစ္စအပြီးမှာ ချူမိသားစုကယိမိသားစုနဲ့ အဆက်ဖြတ်ပြီးပူးပေါင်းဖို့ ငြင်းလိုက်၏။.အဲ့အစား ချူမိသားစုက ရှောင်းမိသားစုကို ပူးပေါင်းမှုအတွက် ဆက်သွယ်လာသည်။

သူကပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူကို မငှားပေမယ့် ပူးပေါင်းတော့မယ် ဆိုကတည်းက သူတို့ရဲ့အချက်အလက် တစ်ချို့ကိုစုထားဖို့ လိုအပ်သည်။ ဒါကြောင့် ချူရှောင်းကကုမ္ပဏီမှာ အလုပ်သင်စလုပ်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်ဆိုတာ သူသိထားသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now