Zawgyi
________"ရှောင်းဟုန်မင်းဘယ်လိုရောက်လာတာလဲ"
"အရှင်"
ရှဲ့ဟန်သူ့ရဲ့နန်းဆောင်ထဲက ခုံပေါ်ထိုင်ကာပြည်သူတွေပေးပို့လာသည့် အစီရင်ခံစာတွေကိုဖတ်နေရင်း အထဲဝင်လာသည့်ကြောင့်ကြည့်လိုက်တော့ ရှောင်းဟုန်ဖြစ်နေခဲ့သည်။အရင်လိုဘာမှမပြောင်းလဲတဲ့ ရှောင်းဟုန်ကသူ့ရဲ့မူပိုင်ချစ်စရာကောင်းသည့်အပြုံးဖြင့်ပြုံးပြကာ ရှဲ့ဟန်နားကိုတိုးကပ်လာခဲ့သည်။
"ရှောင်းဟုန်"
ရှဲ့ဟန်ချက်ခြင်းပင်ရှောင်းဟုန်ဆီပြေးသွားကာရှောင်းဟုန်ရဲ့ကိုယ်သေးသေးလေးကို သိမ်းကျုံးဖက်လိုက်သည်။သူ့ရင်ခွင်နဲ့အံဝင်ဂွင်ကျဖြစ်နေသည့် ရှောင်းဟုန်ကိုယ်လေးကိုပွေ့ဖက်ရင်းရှဲ့ ဟန် စကားတစ်ခွန်းကိုအထပ်ထပ်ရေရွက်နေသည်။
"ကိုယ်တော်မင်းကိုလွမ်းနေတာရှောင်းဟုန်"
ရှောင်းဟုန် မရှိတော့သူရှောင်းဟုန်ကိုလွမ်းနေခဲ့တာ။သူရှောင်းဟုန်ကိုနှင်ထုတ်ခဲ့ ရတာကလဲအဲ့ချိန်က ဖြစ်ပျက်နေတဲ့ကိစ္စတွေကရှောင်းဟုန်ဆီသက်ရောက်မှာစိုး၍ပင်။ နှိမ့်ကျတဲ့မှော်အစွမ်းတွေရှောင်းဟုန်ဆီသက်ရောက်မှာမလိုလားခဲ့ပါ။အကာအရံတွေရှိနေတဲ့သူ့ရွာမှာဆိုရှောင်းဟုန်သေချာပေါက် လုံခြုံလိမ့်မည်။ဒါကြောင့်လဲရှောင်းဟုန်ကိုရွာပြန်စေခဲ့ပြီးအရာအားလုံးအဆင်ပြေမှရှောင်းဟုန်ကိုပြန်သွားခေါ်ဖို့တွေးထားတာဖြစ် တာမို့ ဖြစ်သမျှကိုအလိုက်သင့်လေးနေပေးခဲ့တာဖြစ်တယ်။ဒါပေမဲ့ရှောင်းဟုန်ကပျောက်သွားတာကြောင့်ရှဲ့ဟန်အပြစ်ရှိသလိုခံစားနေတာ ယနေ့ချိန်ထိပင်...
"ရှောင်းဟုန် "
အာ့!
ရင်ဘတ်ပေါ်ကနာကျင်မှုကြောင့် ကြည့်လိုက်တော့
"ရှောင်းဟုန်! "
ရှဲ့ဟန်သူ့ကိုမုန်းတီးစွာစိုက်ကြည့်နေတဲ့လူကိုကြည့်နေလိုက်တယ်။
"ရှောင်းဟုန် !ဘာလို့! "
ရှောင်းဟုန် ကဘာမှမပြောပဲ ရှဲ့ဟန်ရဲ့ရင်ဘတ်မှာထိုးစိုက်နေတဲ့ဓားမြှောင်အသေးလေး ကိုသာစိုက်ကြည့်နေသည်။
YOU ARE READING
Historical Fictionဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပွန်းပေါ့!! ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပွန်းပေါ့!! Not translation!!!! {Both Zawgyi and Uniocde} Start date :06.04.2022~10.5.2022