Chapter 8 unicode

15.7K 380 3
                                    

🔸အဖြူရောင်နုနု🔸8

            အပိုင်း~၈

နေ့လည်မှာဖြူဖြူကစာသင်ချိန်ပြီးတော့ဆေးရုံကိုလာပြီး..ဆေးရုံမှာရှိတဲ့ဆရာ၀န်နဲ့၀န်ထမ်းတွေကို
ကြက်ဆီထမင်းနဲ့ရေခဲမုန့်မှာကျွေးပါသည်။
ဆေးရုံကဂီလာနတွေကိုကျွေးမွေးတဲ့နေရာမှာ
လည်း၂နှပ်စာသူတို့နှစ်ယောက်နာမည်နဲ့လှူဒါန်း
သည်။
၀ှိုက်ဘုတ်မှာDrမင်းထက်နေနိုင်+မလွန်းဖြူဖြူမှ
လှူဒါန်းပါသည်ဆိုတဲ့စာလုံးကခါတိုင်းနေ့တွေထက်
ပြူးနေသလားအောက်မေ့ရသည်။

သူကဒီညနိုက်ဂျူတီမို့အိမ်မပြန်ရတော့..ဖြူဖြူကညနေတစ်ခါထပ်လာပြီးထမင်းချိုင့်ပို့သွားသည်။
သူနဲ့တော့ မဆုံလိုက်ဘူး၊သူကရဲမှုcaseကြောင့်
ဒီဘက်မှာအကြိတ်အနယ်ဖြစ်နေရလို့မအားဘူးလေ။
" တို့ဆရာသမားကတော့အိမ်ထောင်ကျကံကောင်း
တယ်ဟေ့...ညစာမပူရတော့ဘူး..."
" ဟာ ဗျာ...."
ဆရာ၀န်ဘ၀ကဒီအတိုင်းပါပဲ။လူနာတွေကိုသာအားရှိတာစားပါ၊ဘယ်လိုဟာစားပါ ညွှန်းနေရပေမယ့်၊ကိုယ်တိုင်ကြလက်ဖက်ထမင်းနဲ့နှစ်ပါးသွားနေရ
တာကများသည်မို့၊ ဒီလိုညပိုင်းကိုအိမ်ဟင်းအိမ်ထ
မင်းစားရရင်အများအမြင်မှာကံကောင်းတယ်ပဲပေါ့။
" အများကြီးပဲနော်..."
" ယူစားကြပါ ဆရာမတို့..."
" ဟဲ့ ဟဲ့ မလုပ်ပါနဲ့...ဆရာသမားစားစေချင်လို့
ဇနီးသည်ကတကူးတကလာပို့ထားတာကို..."
" ရပါတယ်ဗျာ စားပါ..."

သူတို့အလုပ်ကTeam workဆိုတော့၊ဆေးရုံမှာ
တော့အားလုံးနဲ့အဆင်ပြေအောင်ဆက်ဆံရသည်။
မဟုတ်ရင်တနေကုန်တနေခမ်းတွဲလုပ်ရတဲ့လူတွေ
နဲ့မှအဆင်မပြေရင် ဘယ်လောက်စိတ်ညစ်ညူးရမလဲ။

ည၇နာရီခွဲမှာသမားတော်ကလာပြီးလူနာသစ်တွေ
ကိုကြည့်ကာ သူတို့စမ်းသပ်ချက်၊ကုသချက်တွေကို
မေးမြန်းပြီးလိုအပ်တာညွှန်ကြားပေးသည်။
သူပြန်သွားပြီးမှနောက်ထပ်ဆိုးဆိုးရွားရွားလူနာလာရင်တော့လှမ်းဖုန်းဆက်မေးပေါ့။
ဒီညတော့လူနာသစ်ထပ်မလာတော့၍
ညဦးပိုင်းမှာလူနာတွေကိုပတ်ကြည့်ပြီးလို့နားရမယ်
ကြံယုံရှိသေး..အမ်မာဂျင်စီ(OPD)ကလူနာလာလွှဲ
သည်။
သူထကြည့်ရပြန်သည်။
" ဒါကmedical caseမှမဟုတ်တာ surgical
caseလေ..."
" ဒါဆိုလည်း ဆရာ့ဖာသာreferလုပ်လိုက်ပါတော့"
ပြေးပြီလေ။
ကြည့်တော့ လူနာကဟစိဟစိဖြစ်နေပြီ။
ဟိုက်...ဆာဂျင်တွေနဲ့သတ်ရအောင်။
" ဆရာမ OTကိုပို့ပါ မြန်မြန်..."
" ဟုတ်ကဲ့ ဒေါက်တာ...."
ဟိုရောက်တော့ဆာဂျင်လေးကရောဂါမှတ်တမ်းယူပြီးနားကြပ်နဲ့စမ်းသပ်ယုံရှိသေး၊လူနာကရှောပြီလေ။
သူတို့ဆီကိုသေပြီးသားကြီးပို့ရမလားဆိုပြီးအသံတွေထွက်လာပါသည်။
" OPDကလုပ်သွားတာ ကျွန်မတို့ကကြားထဲက
အဆဲခံပဲဆရာရေ..."
" ဘယ်တတ်နိုင်မလဲ သူ့လူနာ သူယူရမှာပေါ့.. "

အဖြူရောင်နုနု(complete)🚨Where stories live. Discover now