Chapter - 50 (U+Z)

11.1K 1.7K 52
                                    

//UNICODE//

အခန်း 50 - သက်​ရောက်မှု

ရှန်းမိုယွီ သူ့ရဲ့အမြစ်များကို ဆန့်ထုတ်ကာ လူတိုင်းရှေ့တွင် ယိမ်းနွဲ့လိုက်သည်။  ထို့နောက် အမြစ်များ ​နောက်ပြန်ဆုတ်သွားကာ စုလင်းရဲ့ လက်ကောက်ဝတ်ကို ရစ်ပတ်ထားသည့် တစ်ခုသာ ကျန်ခဲ့ပြီး အမြစ်တစ်ခုက သူ့ဘေးတွင် ရပ်နေခဲ့သည်။

ရဲ့လဲ့ စောင့်ကြည့်ရေးကိရိယာအားလုံးကို ဖွင့်ပြီးနောက် သူ့မျက်လုံးများက စုလင်းရဲ့ လက်ကောက်ဝတ်ပေါ် ကျရောက်လာပြီး

"သူက မင်းကို အရမ်းရင်းနှီးတာပဲ"

စုလင်း ပြန်မ​ဖြေရခင် ​ဘေးမှ ရပ်နေတဲ့ အမြစ်က ​ကွေးညွှတ်လာပြီး စုလင်းရဲ့ မျက်နှာကို ပွတ်​နေ​တော့သည်။ စုလင်း လက်မြှောက်ကာ အမြစ်ကို ညှစ်လိုက်ပြီး

"မရှုပ်နဲ့"

ရီလဲ့ ထိုတုံ့ပြန်မှု​ကြောင့် အံ့သြသွားရပြီး

"ဒါက ကျွန်​တော်တို့​ပြောတာ နားလည်တယ်?။ IQ မြင့်လိုက်တာ"

"ဟုတ်တယ်"

စုလင်း ခေါင်းညိတ်လိုက်သည်။

"စာအုပ်ထဲမှာ S အဆင့် စိတ်ဝိညာဥ်ပင်​တွေက IQ မြင့်တယ်ဆိုတာ အမှန်ပဲ"

ရဲ့လဲ့ရဲ့ မျက်လုံးများ တောက်ပလာပြီး သူက ရှန်းမိုယွီကို လှည့်ပတ်ကြည့်ကာ

"ကံမကောင်းတာပဲ Sအဆင့် စိတ်ဝိညာဉ်ပင်တွေက ရှားပါးလွန်းတယ် သူတို့အ​ကြောင်း ကျွန်​တော် သိပ်မသိရဘူး ​နေရာ​​တော်​တော်များများမှာ Sအဆင့် စိတ်ဝိညာဥ်ပင်​တွေရဲ့ ​ခြေရာ​တွေ ​တွေ့​ခဲ့ရ​ပေမယ့် ​​ခြေရာကောက်ဖို့ကျ ကျွန်​တော်တို့ ကျရှုံးခဲ့တယ်။ သူတို့က မြက်ခင်း​တွေထဲမှာ ဘယ်လို ပုန်းအောင်းနေရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိတယ်။"

သူက စုလင်းကို စူးစမ်းသလို စိတ်လှုပ်ရှားစွာ ကြည့်လာပြီး

"သူက ဘာလို့ မင်းနဲ့အတူ လိုက်လာတာလဲ၊ မင်းနဲ့ ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ"

စုလင်း နည်းနည်း တုံ့ဆိုင်းနေသော်လည်း သူ့ရဲ့ Pheromone မူမမှန်မှုအကြောင်း ရဲ့လဲ့အား ပြောပြလိုက်သည်။ ရဲ့လဲ့က ထပ်ပြီးမမေးခင်မှာ သူက ထပ်​ပြောလိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now