5-2

9.3K 490 30
                                    

ရွေးချယ်မှု

Porsche

အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်ထိတ်လန့်နေရင်းနဲ့ပဲ ကျွန်တော်အသက်ပြင်းပြင်းရှုလိုက်မိသည်။အရှေ့မှာရှိနေတဲ့လူရဲ့အကြည့်တွေက အရိုးထဲထိစိမ့်တက်သွားစေပြီး သူ့မျက်နှာပေါ်မှာရှိနေတဲ့အကြည့်ကိုကျွန်တော်တစ်ခါမှမမြင်ဖူးခဲ့ဘူး။သေမင်းတမန်ရဲ့အကြည့်အလားကြောက်စရာကောင်းတဲ့အကြည့်တွေက ဘယ်လောက်ထိထိရောက်သလဲဆိုရင် ကျွန်တော့်မှာလှုပ်တောင်မလှုပ်နိုင်တော့ဘူး။ကျွန်တော့်ဘေးမှာရှိနေတဲ့အရာအားလုံးကဒီအတိုင်းတည်ရှိနေသလိုပဲ။ ကျွန်တော်ပြန်မော့ကြည့်လိုက်တဲ့အခါ ကျွန်တော့်ရှေ့မှာရှိနေတဲ့လူကအစောကလူမဟုတ်တော့ဘဲ နောက်တစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတာကြောင့် ဒီအတိုင်းဆက်ကြည့်နေမိသည်။

ကျွန်တော့်ကိုလူတစ်ယောက်ကတွဲခေါ်ပေးပြီး ဆိုဖာပေါ်မှာနေရာချပေးလာခဲ့သည်။ လည်ပင်းနားကတစစ်စစ်ခံစားချက်က အကြောက်တရားကိုအစားထိုးသွားခဲ့ပြီး အသက်ရှုဖို့ကြိုးစားလိုက်တိုင်းမှာ နာကျင်မှုနဲ့အဆင်မပြေမှုကိုခံစားလိုက်ရသည်။ကျွန်​တော့်ပုံစံကရေနစ်ပြီးသေတော့မလိုဖြစ်နေတာ။

"မင်းနဲ့Kinnကြားဘာတွေဖြစ်ခဲ့လဲဆိုတာမသိပေမဲ့ အစောကဖြစ်ခဲ့တာအတွက်တော့ဦးတောင်းပန်ပါတယ်။”အသံခပ်နက်နက်ကြောင့် ကျွန်တော်အကြည့်လွှဲလိုက်မိသည်။ ကျွန်တော့်အသိစိတ်ကဘယ်အချိန်မဆိုလွတ်ထွက်သွားတော့မလိုဖြစ်နေတဲ့အပြင် အခုချိန်မှာဖြစ်နေတာတွေကဘာတွေလဲဆိုတာကိုကျွန်တော်အခုထက်ထိနားမလည်သေးဘူး။ကျွန်တော်သိတာဆိုလို့ အခုကျွန်တော့်ရှေ့မှာထိုင်နေတဲ့လူလတ်ပိုင်းအရွယ်လူကြီးကကြောက်စရာ​ကောင်းတယ်ဆိုတာပဲ။

“ဒါအရင်သောက်လိုက်။”

ကျွန်တော်တုံ့ဆိုင်းမနေဘဲကမ်းလာပေးတဲ့ဖန်ခွက်ကိုချက်ချင်းသောက်ပစ်လိုက်သည်။အစောကတည်းကချောင်းဆက်တိုက်ဆိုးနေတာဆိုတော့ လည်ချောင်းကခြောက်ကပ်နေပြီ။ရေအေးအေးကလည်ချောင်းကိုဖြတ်သန်းစီးဆင်းသွားတဲ့အခါ မျက်လုံးကိုမှိတ်ထားမိလိုက်ပြီး စိတ်သက်သာရာရသွားခဲ့သည်။

HereWhere stories live. Discover now