ရသ(Arc -1.3)

15.1K 1.1K 0
                                    

<Unicode>
"ဒယ်ဒီ"

"သား လာလေ မလာစဖူးလာတယ်ဆိုတော့ဘာတောင်းမလို့လဲ"

"အကြံဉာဏ်"

"ဟင်!ဆိုစမ်းပါအုံး"

"ဒယ်ဒီ ဟိုလူကြီးအပေါ်ဘယ်လိုခံစားရလဲ"

"ဘယ်သူလဲသားရဲ့"

"ကျစ် ဒယ်ဒီ ယောက်.. ကျနော်ပြောမထွက်ဘူးဗျာ ဒယ်ဒီသိပါတယ်"

"အော် ညီ့ကိုလား ဘာလို့သိချင်တာလဲ"

"ကျနော်မေးတာသာဖြေဗျာ မဖြေချင်လဲသွားတော့မယ်"

"ထိုင်ပါကွာ ဒယ်ဒီပြောပြမယ် ညီ့အပေါ်ဘယ်လိုခံစားရလဲဆိုတော့ သူနဲ့နေရရင်ပျော်တယ် သူ့မျက်နှာလေးကိုမြင်နေရရင်အရာရာပြည့်စုံတယ်လို့ခံစားရတယ် သူ့ကိုဆုံးရှုံးရမှာကြောက်တယ် အရှင်းဆုံးပြောရရင်ဒယ်ဒီသူ့ကိုချစ်တယ်သား"

"မာမီ့ကိုရော"

"သားကိုမပြောဘူးလို့ဆုံးဖြတ်ထားပေမယ့် ပြသနာတေအားလုံးအဆုံးသတ်သွားအောင်ဒယ်ဒီပြောပြမယ်သား မင်းမာမီနဲ့ဒယ်ဒီကမိဘချင်းသဘောတူလို့လက်ထပ်ခဲ့ကြတာ တစ်ယောက်နဲ့တစ်ယောက်လုံးဝမချစ်ကြဘူး ဒယ်ဒီမှာလဲချစ်ရမဲ့သူရှိသလို မင်းမာမီမှာလဲချစ်သူရှိတယ်သား ဒါပေမယ့်မိဘတေကိုမလွန်ဆန်နိုင်တဲ့ဒယ်ဒီတို့ကသူတို့စိတ်တိုင်းကျလက်ထပ်ခဲ့ရတယ်ပီးတော့မျိုးဆက်အတွက်သားကိုမွေးပေးခဲ့တယ် ဒယ်ဒီတို့ကြားမှာကတိထားခဲ့ကြတယ်အဲ့ဒါကသားကိုမွေးပီးတာနဲ့ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြမယ်လို့ပေါ့ သားကိုအချိန်တစ်ခုအထိသားအနားမှာအဖော်ပြုပေးပီးတော့ဒယ်ဒီလက်ထဲစိတ်ချလက်ချအပ်ပီးသူချစ်ရတဲ့သူနဲ့နိုင်ငံခြားကိုထွက်သွားခဲ့တယ် ကံဆိုချင်တော့လေယာဉ်မတော်တဆဖြစ်ပီးဆုံးသွားရှာတယ် မင်းမာမီဆုံးပီးတစ်နှစ်အကြာမှာ ဒယ်ဒီညီ့ကိုပြန်တွေ့ခဲ့တယ် ညီကလဲကိုယ့်ကိုစောင့်နေခဲ့တယ် နောက်တော့ဒယ်ဒီတို့လက်ထပ်လိုက်တယ် သူကဒယ်ဒီ့ရဲ့အချစ်ဦးလဲဟုတ်သလိုအချစ်ဆုံးလဲဖြစ်တယ်"

"ဘာလို့တစ်နှစ်ကြာမှလဲ သူကထွက်ပြေးသွားတာလား"

"အင်း ဒယ်ဒီ့ကြောင့်ပါ ဒယ်ဒီသာသူ့ကိုချစ်ကြောင်းကိုရဲရဲဝံ့ဝံ့ဖွင့်ပြောခဲ့ရင်ဒယ်ဒီတို့ဝေးခဲ့ကြမှာမဟုတ်ဘူး ဒယ်ဒီသတ္တိမရှိခဲ့လို့သူရောဒယ်ဒီပါအကြာကြီးခံစားခဲ့ရတာ အဲ့ဒါကြောင့်သ့ကိုတွေ့တာနဲ့ဒယ်ဒီချက်ချင်းလက်ထပ်ယူလိုက်တာ သူ့ကိုထပ်ဆုံးရှုံးရမှာဒယ်ဒီကြောက်မိသွားလို့ ငါ့သားနားလည်ပေးနိုင်မလား"

Revenge System(Completed)Where stories live. Discover now