125

6.7K 1.2K 32
                                    

Unicode

"ရှောင်ယဲ့ယဲ့.. အချိန်ဆွဲတာတွေ၊ စကားလမ်းကြောင်းပြောင်းဖို့ ကြိုးစားတဲ့ လှည့်ကွက်တွေက ကျွန်တော့်အပေါ် အလုပ်မဖြစ်တော့ဘူးနော်..!"

ရွှယ်ယို့ရှန်းက ဘေးမှာထိုင်ပြီး စိတ်ဓာတ်ကျနေတဲ့ လွေ့ရွယ်လေးကို လှည့်မကြည့်တော့ဖို့ ဆုံးဖြတ်ကာ အဝေးတစ်နေရာသို့ တိတ်တဆိတ် အကြည့်လွှဲလိုက်တယ်။ ထို့နောက် ရင်းဆုယဲ့ကို နောက်တစ်ကြိမ် မေးခွန်းထုတ်လိုက်တယ်။

ဒီတစ်ခေါက်တော့ ရင်းဆုယဲ့ကို အလွယ်တကူ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်တော့ဘူး..!

ပြောရမယ်ဆိုရင် သူတို့နှစ်ယောက် အတူရှိကတည်းက ရင်းဆုယဲ့အပေါ် တစ်ခါလေးတောင် မလွှမ်းမိုးနိုင်ခဲ့ဖူးဘူး။ ဒီတစ်ခေါက်တော့ ရင်းဆုယဲ့ရဲ့အမှားကို ဖမ်းဆုပ်မိပြီ။ ကောင်းကောင်း အသုံးချရမယ်။

တောင်းပန်စကားဆိုရင်း အမှားဝန်ခံနေမယ့် ရင်းဆုယဲ့ရဲ့ပုံစံကို မြင်ယောင်ကြည့်ရင်း ရွှယ်ယို့ရှန်းတစ်ယောက် ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားလာတယ်။ စိတ်ကူးတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ရင်းဆုယဲ့ကို ခပ်မြန်မြန် ဆော်ဩလိုက်တယ်။

"အဲ့တာကြောင့် ရှောင်ယဲ့ယဲ့ရာ.. ရိုးရိုးသားသား ဝန်ခံလိုက်စမ်းပါ..!"

ပြီးရင် အပြစ်ခံယူဖို့ အသင့်ပြင်ထားလိုက်..!

ဒါပေါ့။ ရွှယ်ယို့ရှန်းက ဒုတိယစာကြောင်းကို ဉာဏ်ပညာကြီးကြီးနဲ့ ထုတ်မပြောခဲ့ဘူး။ တကယ်လို့ သူထုတ်ပြောလိုက်ရင် ရှောင်ယဲ့ယဲ့က ကြောက်လန့်တကြားနဲ့ ဝန်ခံဖို့ငြင်းဆန်လိမ့်မယ်။ အဲ့တာဆို သူငိုရလိမ့်မယ်..!

"အထူးသဖြင့် သခင်-အစေခံစာချုပ်က ဘယ်လိုဖြစ်သွားတယ်ဆိုတာ.. Ah~!"

ရွှယ်ယို့ရှန်းက ထိုကိစ္စအပေါ် သူအလွန်အလေးအနက်ထားကြောင်း ဖော်ပြဖို့အတွက် 'Ah~' ဆိုတဲ့စာလုံးလေးကို တမင်တကာ အသံရှည်ဆွဲပြီး ပြောလိုက်တယ်။

"ကိုယ်မင်းကို ရှင်းပြပြီးပြီ မဟုတ်ဘူးလား..?"

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ဇဝေဇဝါဖြစ်နေသလို စိုက်ကြည့်နေလေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now