Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၂၇)
(°°...°°က အင်္ဂလိပ်လိုပြောတာကို ရည်ညွှန်းတာပါ။ "..."က ဂျာမာန်လိုပြောတာကိုရည်ညွှန်းတာဖြစ်ပြီး /.../က အခုနိုင်ငံရဲ့စကားပြောပါ)
အပြည်ပြည်ဆိုင်ရာလေဆိပ်ကို Baz ခရီးဆောင်အိတ်တစ်လုံးဆွဲပြီးရောက်သွားခဲ့သည်။ ခြေဦးတည့်ရာမရှိသော Bazသည် လက်မှတ်မဖြတ်သေးပဲ ခရီးသည်နားနေရာ ခုံအလွတ်မှာထိုင်နေပြီး ဖုန်းထဲက ကမ္ဘာ့မြေပုံတစ်ခုကို ကြည့်နေသည်။
ပုန်းကွယ်မယ်ဆို အနီးအနားက ဂျာမနီ၊ဆွစ်ဇာလန်၊လန်ဒန်၊ဘဲလ်ဂျီယမ်၊စပိန်၊အီတလီ စသည့်နိုင်ငံများတွင် အေးအေးဆေးဆေးနေလို့ရပါသော်လည်း Bazဆိုတာ အသစ်အဆန်းတွေပဲကြိုက်ပြီး စိတ်ဖြေချင်တဲ့လူမို့ ပြင်သစ်နှင့်အဝေးက နိုင်ငံတစ်နိုင်ငံကိုရွေးရန်ပြင်သည်။ အဝေးက အာရှနိုင်ငံတွေဘက်ကိုကြည့်လိုက်တော့ နိုင်ငံတစ်နိုင်ငံက မျက်လုံးထဲဝင်လာသည်။
ထိုနိုင်ငံမှာ Bazရဲ့အသိရှိသည်မို့ သိပ်မခက်ခဲလောက်ပေ။ ထို့ကြောင့် Bazထိုနိုင်ငံကိုသွားဖို့ လက်မှတ်ဖျက်လိုက်သည်။ ဖြစ်ချင်တော့ လက်မှတ်ဖျက်ပြီးချိန်နဲ့ လေယာဉ်ပျံသန်းချိန်က သိပ်မကွာချေ။ Baz လေယာဉ်ပေါ်တက်ပြီး ပြင်သစ်ကို စွန့်ခွာခဲ့သည်။
မိသားစုကိုတမ်းတခြင်း၊စိုးရိမ်ခြင်း အလျဉ်းမရှိဘဲ Bazပြင်သစ်ကိုစွန့်ခွာနိုင်ခဲ့သည်။ စိတ်ထဲတွင်တော့ ဦးတည်ရာမဲ့နေပြီး လူသူမရှိသည့် လေဟာနယ်တစ်ခုအသွင်ဖြစ်နေသည်။
အဖြူရောင် တိမ်တိုက်တို့ကို ခပ်စွေးစွေးငေးကြည့်ပြီးနောက် ပြတင်းပေါက်ကို အကာတစ်ထပ်ပိတ်လိုက်လေသည်။ Baz ပြင်သစ်နဲ့ပတ်သက်သမျှကိုမတွေ့ချင်၊မလွမ်းဆွတ်ချင်တော့ပေ။
စိတ်ပြေပျောက်တဲ့တစ်နေ့တော့ ပြန်လာချင်ကောင်းပြန်လာပါမယ် အမိမြေ။
Baz လေယာဉ်ပေါ်တက်ပြီး ခဏအကြာ၌ Blakeimotanပိုင် လေယာဉ်များစက်ချို့ယွင်းသွားလေသည်။ လေယာဉ်စက်ချို့ယွင်းမှုကြောင့် Logan Maxiyoကိုအပြေးသွားပြီး လေယာဉ်ငှားခဲ့ပေမယ့် ယောက္ခမလုပ်သူက..

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...