ရသ(Arc-1.4)

15.3K 1.2K 73
                                    

<Unicode>
"ညီပါတခါထဲဝင်စားလေ"

"ရတယ်အကို အကိုတို့ပီးမှပဲစားလိုက်ပါ့မယ်"

ထွက်သွားတော့မယ့်ဦးသူရကြောင့်မင်းအတ္တမှာ..

"ဘယ်လဲ လာထိုင်စားအတူ"

"ဟင်!"

ဦးသူရကအံ့သြကာဦးမင်းမဟာဘက်ကိုကြည့်တော့ပြုံးကာခေါင်းညိမ့်ပြတာကြောင့်သူလဲဝင်ထိုင်လိုက်သည်။ထမင်းဝိုင်းကတဖန်ပြန်တိတ်ဆိတ်သွားပြန်သည်။

"ဒီဟင်းကအရမ်းကောင်းတာပဲ စားကြည့်ပါးပါး"

ချလွမ်...

ဦးသူရလက်ထဲကဇွန်းဟာကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။သူ့မှာမယုံနိုင်စွာပင်မင်းအတ္တကသူ့ပန်းကန်ထဲဟင်းထည့်ပေးသည့်အပြင်ပါးပါးလို့ပါခေါ်လေသည်။

"ပါးပါးကဟင်းချက်တာအရမ်းတော်တာပဲ နောက်လဲပါးပါးချက်တာပဲစားတော့မယ် ကျနော့်ကိုချက်ကျွေးမယ်မလား"

"အင်း အင်း ချက်ကျွေးမှာပေါ့ ဟင့်"

"ညီရယ် ဘာလို့ငိုနေတာလဲ"

"ပျော်လို့ပါ ညီ့ကိုမင်းအတ္တက..."

"သားလို့ခေါ်လို့ရပါတယ်ပါးပါး"

"အီးဟီးး ပါးပါးရဲ့သားလေး"

ရုတ်တရက်ထငိုတဲ့ပါးပါးအသစ်ကြောင့်မင်းအတ္တဖက်ထားပေးလိုက်တော့ပြန်ဖက်လာသည်။ထမင်းစားခန်းထဲငိုရှိုက်သံများပြန့်နှံ့သွားပေမယ့်ထိုအသံများသည်ပျော်ရွှင်မှုကြောင့်ဖြစ်တည်လာခြင်းသာဖြစ်သည်။

>>>>>

(ဝါး ကြည်နူးစရာလေးပဲ)

(ဟုတ်တယ်နော်host)

(ဒါနဲ့အဂူးငါမေးစရာရှိတယ်)

(ဟုတ်ကဲ့host)

(မင်းအတ္တကမောင်လား)

(ကျနော်မသိပါဘူး)

(လူလိမ် အဲ မြွေလိမ်)

(ကျနော့်မှာပြောခွင့်ရှိဘူးhostရဲ့ ဒီတခါစည်းကမ်းဖောက်မိရင်မြွေကနေတီကောင်အဖြစ်ပြောင်းခံရတော့မယ်)

(ဟွန့်)

(hostသိချင်ရင်ကိုယ့်ဘာသာစမ်းကြည့်ပေါ့)

Revenge System(Completed)Where stories live. Discover now