၃၇..ဘယ်တော့မှလက်မလွှတ်ဘူး

4K 396 11
                                    

[Unicode]

'၀မ်ဖေး?ဘယ်သူလဲ?ငါကလား?'သူမကိုယ့်ကိုယ့်ကိုညွှန်မိမလိုတောင်ဖြစ်သွားသည်၊ချီယွဲ့ရေဟာသတွေမပြောပါနဲ့လား၊အဲ့ဒီဟာသက လည်ပင်းပေါ်ကဓားထက်တောင် ပိုကြောက်ဖို့ကောင်းတယ်လို့..༎ຶ‿༎ຶ

"ဒီမိန်းမ သေရမယ်"

"မိန်းကလေး ချူ"

"နင့်ကြောင့်ပဲ၊အရှင့်သား...နာကျင်ရတာ၊ငါသာအလာနောက်ကျခဲ့ရင်..အရှင့်သားသူ..."

"မိန်းကလေးချူ,၀မ်ဖေးကို လန့်အောင်မလုပ်ပါနဲ့၊လက်နက်ချလိုက်ပါ"

ရုတ်တရက် တစ်စုံတစ်ယောက်က ချူ၀မ်၀မ်ကို တိုက်ခိုက်ဖို့ကြိုးစားလိုက်သည်၊သူမကအလျင်အမြန်တုံ့ပြန်ကာ ရှောင်တိမ်းလိုက်၏။ချု၀မ်၀မ် အာရုံလွဲသွားတာနဲ့ချီယွဲ့ကသူမ၀မ်ဖေးကိုချက်ချင်းပဲဆွဲထုတ်လိုက်ပြီး တော်ဝင်အစောင့်တွေနောက်ထားကာ ဒေါသထွက်နေ
တယ့်နတ်ဘုရားမလေးဆီကနေဖုံးကွယ်ထားလိုက်သည်။

"ကျင်းအာ?"

'သူမဒီမှာ ဘာလုပ်နေတာလဲ?'

ကျင်းအာသည် အဓိကအမျိုးသမီးဇာတ်ဆောင်အား ဓားမြှောင်ဖြင့်တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်းချူ၀မ်၀မ်က လျင်မြန်စွာဖြင့် ရှောင်တိမ်းကာ တိုက်ခိုက်သူ၏ဝမ်းဗိုက်ကို ပြင်းထန်သောကန်ချက်ဖြင့် ကန်လိုက်သည်။

"ကျင်းအာ!"

ချူ၀မ်၀မ်က ဓားကိုလေထဲတွင်ဝှေ့ယမ်းလိုက်ပြီး ယခု ကျင်းအာအားပြန်ပေးဆပ်ခိုင်းရန်စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။

"ရပ်လိုက်!သူမကိုတားကြလေ"တော်ဝင်စောင့်တွေကိုစုရှင်း ကြိမ်းမောင်းလိုက်၏။

"ဟုတ်ကဲ့"

ရှေ့မှာဖြစ်ပျက်နေတဲ့မြင်ကွင်းက Princess Agentsလို့ခေါ်တဲ့wuxiaဒရာမာဇာတ်ကားရဲ့ချတယ့်အခန်းကိုပြန်သတိရစေသည် 'သူတို့ ပျံနေကြပြန်ပြီ'

"ကျင်းအာ"မြေပြင်ပေါ်မှာလဲကျနေတယ့် ကျင်းအာကိုသူမဂရုစိုက်လိုက်သည်၊ချူ၀မ်၀မ်ကတော့အစောင့်တွေနဲ့တိုက်ခိုင်းရင်းအလုပ်ရှုပ်နေလေ၏။"နာသွားလား?"

ကျင်းအာကနာကျင်နေသော်လည်းသူမသခင်မလေးကိုပြုံးပြကာ ခေါင်းခါလိုက်သည်၊အရင်က ပြောခဲ့သလိုပဲ၊မူရင်းဇာတ်လမ်းမှာ ကျင်းအာကအဓိကဇာတ်ဆောင်မင်းသမီးကိုလုပ်ကြံတာမအောင်မြင်ပဲ ဂေဟာနီကိုအပို့ခံလိုက်ရတယ်၊နောက်ပိုင်း အဓိကဇာတ်ဆောင်ကသူမကိုလျှာနဲ့ခြေလက်အင်္ဂါတွေဖြတ်တောက်စေခဲ့တယ်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now