20.1

3.8K 421 12
                                    

အခန်း ၂၀ ရက်စက်မှု

အပြုံးတွေမြောက်များစွာရှိသည်။ ဝမ်းနည်းတဲ့အပြုံး ပျော်တဲ့အပြုံး ထိုအပြုံးတွေရဲ့နောက်မှာ ဖုံးကွယ်ထားတဲ့ခံစားချက်တစ်ခုစီလည်းရှိသည်။

ယောင်ယောင်ပြုံးလိုက်သည်။ တစ်ချို့လူတွေက သူမဒေါသထွက်လို့ပြုံးနေတယ်ထင်ကြပေမယ့် လော့ချန်ချန်ကတော့အဲ့ဒါ ဒေါသထွက်လို့ပြုံးတဲ့အပြုံးမဟုတ်မှန်း သိနေခဲ့သည်။ သူမက ပျော်နေတဲ့အခါမှ​အဲ့လိုပြုံးတတ်တာ ဟုတ်တယ် ပျော်နေတာ လော့ယောင်ယောင် အမူအရာတွေ မျက်လုံးတေါက အခု ယောင်ယောင်က သူမရဲ့ ဟိုး အတွင်းထဲကနေ ပျော်နေတာကိုဖော်ပြနေတာ

လော့ချန်ချန်ရဲ့ ကြောက်ရွံ့နေတဲ့မျက်လုံးတွေအောက်မှာပဲ ယောင်ယောင်က လက်မြှောက်ကာ "ဝိတ်တာ" လို့လှမ်းခေါ်လိုက်သည်။

အနားမှာ ရှုပ်ပွနေတာတွေကို ရှင်းနေတဲ့ဝိတ်တာက သူ့လက်ထဲက ဗန်းကိုချကာ သူမစီ အပြေးလာပြီး ယဉ်ကျေးစွာ "မမလေး ဘာများလုပ်ပေးရမလဲ?" လို့မေးလာခဲ့သည်။

"ဝိုင် တစ်ဗန်း ယူလာပေး ဝိုင်" ယောင်ယောင်က လော့ချန်ချန်ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။

ထူးဆန်းတဲ့ တောင်းဆိုချက်ကို ကြားလိုက်ရပေမယ့် ဝိိတ်တာက မျက်နှာထားမပြောင်း သူ့မျက်နှာမှာ သံသဃရှိတဲ့ အရိပ်အယောင်လည်း နည်းနည်းလေးမှရှိမနေသလို ဦးအနည်းငယ်ညွှတ်ကာ "ကောင်းပါပြီ ခနလေးစောင့်ပါ"

ထိုချိန် ချင်းကျင်းက လူအုပ်ကြီးကို ဖြတ်လာပြီး ယောင်ယောင်ကို သံသဃနဲ့လှမ််းကြည့်လိုက်သည်။ ဒါမဲ့ ယောင်ယောင်က ဘာမှမပြောဘဲ သူ့ကို ပြုံးသာပြလိုက်သည်။ ဆိုတော့ သူလည်း ပြန်ပြုံးပြကာ သံသဃမဝင်တော့ဘဲ ဘေးမှာပဲ တိတ်ဆိတ်စွာရပ်နေကာ သူမ ကိစ္စကို ကိုင်တွယ်တာကိုစောင့်ပေးနေခဲ့သည်။

သူမဘာလုပ်လုပ် သူက သူမဘေးမှာရှိနေပေးမှာ သူ့ကိုလိုအပ်ရင် လက်တစ်စုံငှါးပေးမှာ ဒါက လုံလောက်ပြီလေ

ထိုလူက သူမ ရဲ့ အပြုအမူတွေရဲ့နောက်ကွယ်က သတ္တိပင်

ယောင်ယောင် လှည့်ကာ လော့ချန်ချန်ကို ဆက်ကြည့်ပြီး ပြုံးနေခဲ့သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now