Chapter 140

22.9K 3.7K 569
                                    

Unicode

အပီအပြင်အဆော်ခံလိုက်ရတဲ့ ကျန်းချုံး
__________________________________

ချီချီက သူ့ပါးပါးနဲ့အခုအထိမတွေ့ရသေးတာကြောင့် ဒီထဲကနေ မောင်းထုတ်ပစ်ဆိုတဲ့စကားကိုကြားတော့ အရမ်းကိုဝမ်းနည်းသွားကာ ပေါယန်အင်္ကျီလေးကိုဆွဲခါရင်း မေးလာခဲ့သည်။

''သူက ငါတို့ကို ဘာလို့နှင်ထုတ်နေတာလဲ ''

ချီချီစိတ်ပူနေတာကိုမြင်တော့ ပေါယန်အမြန်နှစ်သိမ့်ပေးလိုက်သည်။

''ဘာမှမဖြစ်ဘူး ငါတို့ထွက်သွားစရာမလိုဘူး ''

ထိုစကားကြားတာနဲ့ ကျန်းချုံးနှာခေါင်းရှုံ့လိုက်ကာ

''အခုခေတ်ကောင်စုတ်လေးတွေများ မပြောရဲတာကိုမရှိတော့ဘူး သူတို့ကိုသူတို့ဘာထင်နေလဲမသိဘူး! '' ကျန်းချုံး ထိုသို့ဆူပူရင်း သူ့ရဲ့လက်ထောက်ဘက်လှည့်လိုက်ကာ '' သွား ရိုက်ကွင်းတာဝန်ခံကိုသွားရှာလာခဲ့ ဒီလိုရိုက်ကွင်းနဲ့မသက်ဆိုင်တဲ့လူတွေကို ရှင်းထုတ်ပစ်ရမယ် ကြည့်ရတာမျက်စိရှုပ်လိုက်တာ ''

ပေါယန် ထိုစကားကြားတာနဲ့ ပြန်မပြောပဲမနေနိုင်ခဲ့။ ''မင်းကမှ အာရုံလာနောက်နေတာ! '' အမှန်အတိုင်းပြောရလျှင် ပေါယန်က ရွှေဇွန်းကိုက်ပြီး မွေးလာသည့် အိမ်တော်သခင်လေးဖြစ်တာကြောင့် ပိစိလေးကတည်းက ဒီအရွယ်အထိ ပေါဖုန်းကလွဲပြီး သူ့ကိုဘယ်သူကမှ အခုလိုမျိုးမဆူပူဖူးပါ။ အခု အဖေမဟုတ်သည့် သူစိမ်းတစ်ယောက်ကဆူလာတော့ ဖအေဆီကအမွေရထားသည့် ဒေါသကလည်း ချက်ချင်းဆူပွက်ထကြွလာသည်။

''ငါတို့ဘာသာငါတို့ဆော့နေတာ မင်းစောက်ပူဘာပါလဲ မင်းမှာ ငါတို့ကို အဲ့လိုပြောပိုင်ခွင့်ရှိလို့လား! ''

ကလေးပေါက်စလေးက သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းပြန်ခံပြောရဲတာကိုမြင်တော့ ကျန်းချုံးတစ်ယောက် ဒေါသထွက်ထွက်ဖြင့် အော်ရယ်လိုက်မိသည်။

''မထင်ရဘူး ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလောက်ဒေါသကြီးလိမ့်မယ်လို့ ဒီမှာ ဟျောင့် ဒါက ရုပ်ရှင်ရိုက်တဲ့နေရာ ကစားကွင်းမဟုတ်ဘူး မင်းတို့ကသူများနေရာကို မပြောမဆိုနဲ့ဝင်လာပြီး ဟီးဟီးဟားဟားလာလုပ်နေတာ အဲ့ဒါကို ငါက တစ်ခွန်းနှစ်ခွန်းတောင်သင်ပြလို့မရဘူးလား သွန်သင်ဆုံးမမှုမရှိတဲ့ဟာလေးတွေ! ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now