အပိိုင်း(၂၄)

101K 6.7K 949
                                    

"မင်းဘယ်အချိန်ထိ ကိုယ့်နောက်က
လိုက်နေမှာလဲ"

စိုင်းအံ့သျှိုင်းယံ စာသင်နေသည့်တစ်ချိန်လုံးလည်း
ရှန်ခွန်းနောင်က အခန်းအရှေ့မှာ
ထိုင်စောင့်နေခဲ့ပြီး စာသင်ခန်းထဲက
ထွက်လာသည့်အချိန်တွင်လည်း
စကားတစ်ခွန်းမှမဆိုဘဲ နောက်မှ လိုက်လာသည်မှာ
ကားparking သို့ရောက်လာသည့်အချိန်ထိပင်။

စိုင်းအံ့သျှိုင်းယံက နောက်လှည့်ကြည့်ကာ
ပြောလိုက်သည့်အခါ ရှန်ခွန်းနောင်ရဲ့
ခေါင်းလေးငုံ့ကျသွားသည်။

" ကိုယ်မင်းကို စိတ်ဆိုးမပြေသေးဘူး.."

" ကိုကို..ကျွန်တော် တကယ်တောင်းပန်ပါတယ်။
ကျွန်တော့်ကို ပစ်မထားပါနဲ့"

" မနက်ဖြန်မှတွေ့မယ်။အခု ပြန်တော့.."

ကားတံခါးကို ဖွင့်ဖို့လုပ်သည့်
စိုင်းအံ့သျှိုင်းယံရဲ့လက်ကို
ရှန်ခွန်းနောင်က လှမ်းဆွဲလိုက်သည်။

ထို့နောက် ထိုလက်ဖြင့်ပင် ရှန်ခွန်းနောင်က
သူ့ရဲ့လက်မောင်းသေးသေးလေးကို
သူကိုယ်တိုင် ရိုက်၏။

"ရိုက်လိုက် ။ ကျွန်တော့်ကို ရိုက်..။ ကိုကို့ကို အဲ့ဒီလို
ပြောလိုက်မိလို့ ကျွန်တော်က ရိုက်ခံရသင့်တယ်.."

စိုင်းအံ့သျှိုင်းယံ ရုန်းလိုက်မိသည့်အခါ
ငိုမဲ့မဲ့မျက်နှာလေးဖြင့်
လက်ကိုပြန်ဆွဲလာပြီး ပြန်ရိုက်၏။

"ရိုက်လို့..ကျွန်တော့်ကိုရိုက်"

" ရှန်ခွန်းနောင်"

စိုင်းအံ့သျှိုင်းယံက လက်ကိုရုန်းပစ်ကာ
ကျစ်ခနဲ စုတ်သပ်ရင်း
လေသံမာမာဖြင့် ခေါ်လိုက်သည်။

" အတွေးတွေနဲ့ မွန်းကြပ်အောင်လုပ်ပြီး
ကျွန်တော့်ကို ရင်နာစေမယ့်အစား အသားနာအောင်
လုပ်ပစ်လိုက် ကိုကို.."

မျက်မှန်အောက်က
မျက်လုံးဝိုင်းလေးထဲတွင်မျက်ရည်ကြည်တွေ
ပြည့်လာသည်။

"ဟုတ်တယ်.. ။ ကိုကို့ဘက်က .. ကိုကို
ဒေါသထွက်နေလို့ ကျွန်တော့်ကို ဒီလိုဆက်ဆံတာ။
ကိုကို စိတ်ပြန်ကြည်တဲ့အချိန်မှ ကျွန်တော့်ကို
ပြန်စကားပြောမှာ .. အဲ့ဒီလောက်လေးပဲ.."

RO ( ရို ) (Completed)Where stories live. Discover now