အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။

4.5K 875 32
                                    

Unicode

အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။

[ဒါက တကယ့်တော့ အနီရောင်ကုမုဒြာပဲ.....]

ထိုစကား စုယန်၏နှုတ်မှ ထွက်သွားသည်နှင့်တပြိုင်နက်  ကုဖေးတိ၏အမူအရာဟာ ရုတ်ချည်း ပြောင်းလဲသွား လေသည်။ စူးရှသော မြှားတစ်ချောင်းဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ သူ၏မျက်လုံးများသည် တုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ဒေါသများဖြင့် ပြည့်နှက်နေ၏။

ကုဖေးတိ၏အသံသည် တိုးလျပြီး တုန်ယင်နေလေသည်။ 

"မင်း..တကယ် သတ္တိရှိတယ်လား?!"

စုဟန် အံ့ဩသွားရသည်။

သူ သေသေချာချာ တွေးကြည့်ပြီးနောက် ရုတ်တရတ် ချွေးအေးများ ထွက်လာတော့၏။

အစောပိုင်းက ကုဖေးတိ၏အိမ်ထောင်ရေးကိစ္စကို သူစိတ်ကူးယဉ်နေခဲ့သည်။

ဒါနဲ့ ကုဖေးတိရဲ့မေးခွန်းကဘာပါလိမ့်?

'မိစ္ဆာဂိုဏ်းချုပ်က မင်းအတွက် လက်ထပ်ဖို့ စီစဉ်ပြီးပြီလား?'

'ဖူလင်းယွင်က တကယ့်ကို မိန်းမကောင်းတစ်ယောက်ပါ'

စုယန် "......."

စုယန်သည် သုံးပေလောက်အထိ ခုန်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကိုမြှောက်ကာ ငြင်းဆန်ရန် ကြိုးစားလိုက်သည်။ 

"မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး.. ငါ ဖူလင်းယွင်ကို မကြိုက်ပါဘူး။ ဖူလင်းယွင်က မင်းအတွက် အရမ်းကိုသင့်တော်တယ်လို့ ငါပြောချင်တာ! မင်း အိမ်ထောင်ပြုဖို့ကို ရှောင်နေစရာ မလိုဘူး။ မင်းသူမကို အချိန်ပေးကြည့်လိုက်ပါ။
သူမက မိန်းမကောင်းတစ်ယောက်ဆိုတာ မင်း သဘောပေါက်လာလိမ့်မယ်"

"ဟား....." ကုဖေးတိက အရူးတစ်ယောက်လို ရယ်မောလိုက်ပြီး မေးလိုက်သည်။

"မင်းက ငါ့ကို ဂရုစိုက်နေတာလား?"

စုယန် နှုတ်ဆိတ်နေပြီး တွေးလိုက်သည်။ ကုဖေးတိရဲ့ အမူအရာက တော်တော်စိတ်တိုနေပုံပဲ။ ကြည့်ရတာ သူ ဖူလင်းယွင်ကို တကယ် မကြိုက်ဘူးထင်တယ်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now