အပိုင်း ၇၂

2.8K 79 0
                                    

(unicode)

" စိတ်ဆိုးပြေပါတော့ လူကြီးရာ။ ကလေးလည်းမဟုတ်ဘဲ စိတ်ကောက်နေတယ်။ သမီးကိုချော့ရတာတောင် အခုလောက်မခက်ဘူး "

" ........"

မျက်နှာကြီးစူပုတ်နှင့် ကလေးကြီးသည် ပြောစ ကားတို့အား အဖက်မလုပ်စွာ မျက်နှာလွှဲလျက်စိတ်ကောက်နေဆဲ။ ကိုကြီး (ငယ်ရွယ်စဥ်ကဒေါင်းမာန်)နှင့် လူကြီး (လက်ရှိဒေါင်းမာန်)တို့တွင် မည်သူကို ပိုချစ်သလဲဟု မေးလာရာမှ ပြသာနာစခဲ့ပေသည်။

" အတူတူပဲလေ။ လူကြီးနဲ့ကိုကြီးက တစ်ယောက် တည်းပဲကိုး။ ဘာကြောင့် လာတိုနေတာလဲ။ အ သက်ကဖြင့် ၆ ပေမကအတွင်းထဲ ဝင်ရတော့မယ် "

" ခုက မြေကြီးမရှိတော့ဘူး။ ပြာချယူတာပါ ကလေးငယ် "

ဆူပုတ်ပုတ်မျက်နှာနှင့် ချက်ချင်းတုံ့ပြန့်လာသည်။

" ဘာပဲဖြစ်ဖြစ်ပါ။ လာ လိမ္မာတယ်။ ထမင်းစားလာစား "

" ကလေးငယ် ခွံ့ကျွေး "

" လာ လာ ဝါးပါကျွေးအုန်းမှာ "

စိတ်သည်မရှည်ပေချင်တော့။ အသက်ကြီးမှ တီတီတာတာ စီစီပြာပြာ အီစီကလီတွေလည်း မပြောနေနိုင်။ လူကြီးမှာမူ အသက်ကြီးမှ အရမ်းကို လူကပ်နေသည်။ သမီးတစ်ယောက်ရလာသည်ကိုလည်း ပြန်တွေးမိလေတိုင်း အိမ်မက်တစ်ခု အလား။ မဖြစ်နိုင်ဟုထင်ထားသော အရာကိုမှ လက်ဝယ်ပိုင်ခွင့်ရချိန် လူတိုင်းသည် မယုံကြည်နိုင်ဖွယ်ဖြစ်တတ်သည်အတိုင်း စွယ်သော်လင်းသည်လည်း ထိုနည်း၎င်းပင်။

ဒေါင်းမာန်မှာလည်း အတိတ်ကချစ်သူကိုမှ အ တိတ်မေ့သွားခဲ့သည်တိုင်းမှ ပြန်လည်ပေါင်းစပ်နိုင်ခဲ့၍ ထိုသူ ထပ်ပျောက်သွားမည်ကို စိုးရိမ်တသသဖြစ်နေရသည်။

" ဟားဟားဟား "

" ရယ်(ရီ)မနေ့နဲ့။ ထမင်းစားမယ် "

" ဟုတ်ပါပြီး "

အိပ်ခန်းတစ်ခု၏ကုတင်ထက်ဝယ်တွင်လည်း

" မြေးလေးကို ဘွားပြစရာရှိတယ် "

ပြစရာရှိတယ်ဆို၍ အခန်းပြင်ထွက်သွားသောအဘွားဖြစ်သူကို ယသော်လိုက်ကြည့်မိသည်။ မကြာသောအချိန်၌ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုနှင့်အတူ ပြန်ဝင်လာသည်။ မွေ့ယာထက်အသာဝင်ထိုင်ပြီး ဓာတ်ပုံအယ်လ်ဘမ်အား ဖွင့်လိုက်လျှင် ဖေဖေ၏ငယ်စဥ်အခါက ဓာတ်ပုံများပင်။ ဖေဖေ ၏ငယ်စဥ်ကရုပ်ရည်နှင့် လက်ရှိရုပ်ရည်တို့မှာ အနည်းငယ်ပြောင်းလဲမှုတို့ရှိသော်လည်း တောက်ပနေသော ဝိုင်းစက်စက်မျက်လုံးတို့မှာမူ တစ်ပုံစံတည်းရှိနေပေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now