21

4K 410 11
                                    

အခန်း ၂၀.၁ ကြီးပြင်းလာပြီ

"ချစ် လွန်တယ်လို့ ကို ထင်လား?" လော့ချန်ချန် စိတ်လွတ်နေသလို ထွက်သွားတာမြင်တော ယောင်ယောင်က ချင်းကျင်း ပုခုံးကိုမှီကာ မေးလာခဲ့သည်။

ချင်းကျင်းက သူမကိုတဖန်ပြန်ကာ "ချစ် လွန်တယ်လို့ထင်လား?"

"သေချာပေါက်မလွန်ဘူးပေါ့" ယောင်ယောင်က အကျောက်အကန်ကို ငြင်းတော့သည်။ လော့ချန်ချန် သူမ အပေါ်လုပ်ခဲ့တာတွေ တွေးကြည့်လိုက်ရင် ဒါက တအားကို ငဲ့ညှာထားတာပဲ  အစကတည်းက သူမသာ ချန်ဟောက်နဲ့လော့ချန်ချန် တူတူရှိမယ်ဆိုတာ အရူးလို မသိခဲ့တာလေ လင်းဖေးသေလို့ချန်ဟောက်က ဝမ်းနည်းတယ်ဆိုတာကို တကယ်ကြီးယုံနေခဲ့တာ အဲ့ဒါကြောင့်ပဲ အပြစ်ရှိသလို ခံစားရပြီး နှစ်ပေါင်းများစွာ တကိုယ်တည်းသမား လုပ်နေခဲ့တာဆိုတာကိုကောလေ  သူတို့နှစ်ယောက်သာ သူမကို အစကတည်းက မလှည့်စားခဲ့ရင် သူမကလည်း နှစ်ပေါင်းများစွာ ဒီလိုဖြစ်ခဲ့မှာမဟုတ်ဘူး

ဒါမဲ့ ဒါတွေအကုန်လုံးက ပြီးသွားပြီး သူမ မုန်းတီးပြီးနောင်တရပေမယ့် သူမရှေ့က လူကို ပိုင်ဆိုင်ဖို့ အခွင့်အရေးရခဲ့တယ်လေ

"အဲ့လိုဆိုမှတော့ ကိုယ့်ကိုမေးနေစရာလိုသေးလို့လား?" ချင်းကျင်းက ပြုံးကာ မေးလာသည်။

ဒါက လော့ယောင်ယောင် သည်းခံနိုင်တဲ့ထဲ မပါဘူးလေ တဖက်လူက လွန်တယ်ဆိုတာလည်း သူသိနေတာကို

ယောင်ယောင် သူ့ကိုကြည့်ကာ သူမ ရင်ထဲ ချိုမြိန်မှုကော ချဉ်တာကိုကော တစ်ခါတည်းခံစားလိုက်ရသည်။ သူက တကယ့်ကို အရူးနေမှာ သူမ ကလေးတုန်းက အမှားလုပ်တိုင်း ချင်းကျင်းက အမြဲအပြစ်ခံပေးရကို သတိရလိုက်မိသည်။ သူမကို ထုတ်မပြပေမယ့် နောက်ပိုင်းကျ သူမကို နာလို့ အော်တဲ့ထိ အနိုင်ကျင့်တော့တာပဲအချိန်တိုင်း သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်းလည်း အလုပ်ရှုပ်လို့ သူမကို မကြိုက်သလို အမြဲ သူမကို ထားခဲ့ဖို့ နည်းလမ်းရှာနေတာ

တွေးမိတော့မှ ယောင်ယောင်လည်း သိချင်စိတ်နဲ့ "ချင်းကျင်း ချစ် တို့ ငယ်ငယ်တုန်းက ကို ချစ် ကို သဘောမကျခဲ့ဘူးမလား?" သူမ သိချင်စိတ်နဲ့မေးလိုက်သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now