Revision

5.8K 704 115
                                    

Unicode

TEO က ရှည်လည်းရှည်၊ ဇာတ်ကောင်လည်းများ၊ ဇာတ်ကွက်ကလည်းများတော့ ရောပြီးမေ့ကြတယ်ပေါ့နော်။ အဲ့တာကြောင့် ဒီတစ်ပိုင်းမှာတော့ vol 2+3 အတွက် သိဖို့လိုအပ်တဲ့ အပိုင်းတွေကို revision ပြန်ပေးသွားပါမယ်။

--------------------------

နဂါးမင်းသားအဏ္ဏက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က သေဆုံးပြီလို့ သတင်းထွက်ခဲ့သူဖြစ်ပါတယ်။ သူမသေခင်က မြင်းမိုရ်တောင်အစ နတ်ပြည်အဆုံး ပြဿနာတွေသောက်သောက်လဲရှာလို့ သူ့ဒယ်ဒီဖားသားက နဂါးနန်းတော်ကနေ ကန်ချလိုက်ပါတယ်။ အဲ့တာနဲ့ နဂါးမင်းသားက ဝေါဂမြို့အနီးမှာ မြစ်လေးဖန်ဆင်းပြီး  တိတ်တိတ်လေးနေမယ် မထင်လိုက်ပါနဲ့။ အဲ့အချိန်က ဥတ္တရနိုင်ငံမရှိသေးဘဲ သိကာခယမင်းဆက်အုပ်ချုပ်တဲ့ နိုင်ငံသာရှိပြီး အဲ့အချိန် ဘုရင်ကလေးကတော့ မဟီသေဋ္ဌ လို့အမည်တွင်ပါတယ်။ သိကာခယမင်းမျိုးဆက်ရဲ့နောက်ဆုံးဘုရင် မဟီသေဋ္ဌလို့ လူသိများပါတယ်။ နဂါးမင်းသားက ဘုရင်ကိုသွားသွားစပြီး အတန်ရှင်းအားကြီးယူပါတယ်။ ဘုရင် သူ့ဆီမလာရင် ဆူနာမီလုပ်တဲ့အထိကို အတန်းရှင်းယူတာပါ။ သမိုင်းကတော့ သူတို့ကို ရန်သူတွေပါတဲ့။

ဒါပေမဲ့ ကြောင်ဖြူယောင်ဆောင်တဲ့ မာရစ်မျိုးနွယ်ကတော့ သူတို့ကို ချစ်သူတွေလို့ပြောပါတယ်။ ဒါကြောင့် ယုဂန်ကလည်း နဂါးမင်းသားနဲ့ မင်းကြီးမဟီသေဋ္ဌက တစ်နည်းနည်းနဲ့တော့ ကြိုက်ခဲ့ရမယ်လို့ ကောက်ချက်ချထားပါတယ်။

(Chapter 113 မှာ မာရစ်မျိုးနွယ်အကြောင်းပြောပြထားပါတယ်။ မာရစ်မျိုးနွယ်က ရှေးဟောင်းစုန်းမျိုးနွယ်ဖြစ်ပြီး ဟိုးမြောက်ပိုင်း ရေခဲတောင်တွေကြားမှာ နေပါတယ်။ လွန်ခဲ့တဲ့နှစ်ရာချီကတည်းက မာရစ်မိသားစုကိုဘယ်သူ့မှ မတွေ့ကြတော့တာပါ။ မာရစ်မျိုးနွယ်က ကြောင်ပုံစံပြောင်းနိုင်တဲ့ စုန်းမျိုးနွယ်ဖြစ်ပြီး ယုဂန်ကို ဒီဘက်ကမ္ဘာပို့လိုက်တာလည်း မာရစ်မျိုးနွယ်ပါပဲ။ Chapter 110 မှာလည်း မာရစ်မျိုးနွယ်က ကြောင်ယောင်ဆောင်ပြီး ယုဂန်တို့ကို လာချောင်းပါသေးတယ်။ ဒါက မာရစ်မျိုးနွယ်အကြောင်း ကြားဖြတ် ဝင်ပြောတာ)

The Everlasting One (volume 2 + 3 )Where stories live. Discover now