Cha-49

6.1K 1.3K 46
                                    

[Unicode]

တိတ်ဆိတ်ငြိမ်သက်နေသောစင်္ကြံလမ်းတွင် သူ့စကားလုံးတိုင်းဟာ အလွန်သိပ်သည်းလေးနက်ပြီး ချစ်ခြင်းမေတ္တာအပြည့်ထုံလွှမ်းစွာ ယွီချင့်ဟွမ်နားထဲသို့ပျံ့လွင့်လာပြီး အဆင့်မြင့်ဝိုင်တစ်ခွက်အလား အနံ့လေးတချက်နှင့်ပင် သူ့ကိုမူးယစ်ရီဝေလာစေသည်။

သူ့နှလုံးသားမှာ တဖျတ်ဖျတ်တုန်ရီလှိုက်မောလို့နေပြီး ဟော်ချွီရဲ့မျက်နှာလေးအားမထိမိစေရန် မနေနိုင်လောက်အောင်ပင်။

ဒီလူသားလေးကဘယ်လိုဖြစ်လို့ ဒီလောက်တောင်ကောင်းမွန်နေရတာပါလိမ့်? ဘယ်လိုဖြစ်လို့ဒီလောက်တောင် ကြင်နာတတ်ရပါလိမ့်?သူရှေးဘဝကဘာတွေများလုပ်ခဲ့လို့ ဒီလိုလူနဲ့ထိုက်တန်တာပါလိမ့်?

သူ့နှလုံးသားဟာ ရင်ဘတ်ထဲဝုန်းဒိုင်းကြဲခုန်ပေါက်လို့နေသည်။ ယွီချင့်ဟွမ်မှာသူ့မျက်လုံးများကိုမှိတ်ထားမိပြီး ကမ္ဘာလောကကြီးအဆုံးသတ်ချိန်ရောက်တဲ့အထိ ဟော်ချွီမှသူ့အားဒီအတိုင်းလေးပဲပွေ့ဖက်ထားစေချင်မိလောက်အောင်ပင်။

သို့ပေမယ့် ဟော်ချွီကုတ်အင်္ကျီရဲ့တွန့်ကြေရွဲ့စောင်းနေသောကော်လာမှာ သူ့ကိုလက်တွေ့ဘဝထဲချက်ချင်းပြန်ခေါ်ဆောင်လာသည်။ ဟော်ချွီ ဘာတွေကြုံတွေ့ဖြတ်ကျော်ခဲ့ရသလဲဆိုတာကိုတွေးမိလိုက်ရုံနှင့် သူအခုထိကြောက်စိတ်မပြယ်နိုင်သေးပေ။

ဒီကိုလာတဲ့လမ်းမှာ ဟော်ချွီမှာသာ မကောင်းတာတစ်ခုခုဖြစ်သွားခဲ့ရင်... ဒီကိုဘယ်တော့မှအရောက်မလာ‌နိုင်တော့ဘူးဆိုရင်...

ထိုဖြစ်နိုင်ချေများကိုတွေးတောမိရင်း ယွီချင့်ဟွမ်၏နှလုံးအိမ်မှာ နာကျင်ရလွန်းလို့အသက်တောင်ကောင်းကောင်းမရှူနိုင်ပေ။

သူဟာ ဟော်ချွီကိုအဝေးတွန်းထုတ်လိုက်ပြီး တဖက်သူ၏ဝေဝါးရှုပ်ထွေးနေသည့်အကြည့်များအောက်တွင် သူ့အားအကြမ်းပတမ်းဆွဲခေါ်ကာ ဆိုဖာပေါ်သို့တွန်းချလိုက်၏။

"ချင့်ဟွမ်..."

ဟော်ချွီမှသူ့လက်ကိုလှမ်းဆွဲဖို့ကြိုးစားပေမယ့် သူရှောင်ထွက်သွားလိုက်၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now