Love

4.5K 207 27
                                    

Lisa Pov

Lisa သတိတစ်ချက်ရလာပြီး Jennie အသံကိုကြားလိုက်ရတယ်။ ပြီးတော့အလင်းရောင်တစ်ခုကိုမြင်လိုက်ရပြီး လှုပ်လိုက်မိတယ်။

Lisa တစ်ကိုယ်လုံးနာကျင်နေတယ်။ ဘေးနားမှာဘာတွေဖြစ်ပျက်နေတာလဲဆိုတာ Lisa မသိရဘူး။ Lisa နာကျင်တာကို ခံစားနေရပြီး လှုပ်လို့မရဘူးဖြစ်နေတယ်။ ကိုယ့်အနားမှာ လူတွေစကားပြောနေတာကြားနေရပေမယ့် ပြန်ပြောလို့မရဘူးဖြစ်နေတယ်။ Lisa သေသွားခဲ့တာလား။

ဒီလိုအခြေအနေကြီးနဲ့ ဘယ်နှစ်ရက်နေနေခဲ့ရလဲ Lisa မသိဘူး။

ဒါပေမယ့် ချစ်စရာကောင်းတဲ့အသံလေးကိုဆက်ကြားနိုင်ဖို့ Lisa ဆက်တိုက်ခိုက်ရမယ်။ Jennie ရဲ့အသံကိုကြားနေရတယ်။ သူမအထိအတွေ့ကိုခံစားရတယ်။ ဒါပေမယ့် Lisa ပြန်တုန့်ပြန်လို့မရဘူးဖြစ်နေတယ်။

သူမတစ်ချိန်လုံး Lisa လက်ကိုကိုင်ထားတာကိုခံစားရတယ်။ သူမကိုဒီလိုလေးဆက်ကိုင်ထားဖို့ပြောချင်ပေမယ့် မျက်လုံးဖွင့်လို့မရသလို လှုပ်လို့လဲမရဘူး။ သူမစကားပြောတာကိုကြားရပြီး သူမလက်ကိုင်ထားတာကို ခံစားရတော့ Lisa နှလုံးခုန်သံတွေ မြန်လာတာကို Lisa သိလိုက်တယ်။

Lisa သူမဆီကအချိန်အကြာကြီးကြားချင်နေခဲ့တဲ့စကားကို သူမဆက်ပြောနေတာကိုကြားရတယ်။ ကိုယ်လဲမင်းကို အရမ်းချစ်တယ် Jennie Kim.

Lisa သူမကိုဖက်ထားပြီး သူအဆင်ပြေကြောင်းပြောချင်ပေမယ့် ပြောလို့မရဘူးဖြစ်နေတယ်။ ဒီအမှောင်ထုကြီးထဲမှာ ပိတ်မိနေပြီး သူမအသံတစ်ခုသာ Lisa အတွက် အလင်းရောင်းဖြစ်နေခဲ့တယ်။

Bam နဲ့ အဖေရဲ့စကားသံတွေကိုပါကြားနေရတယ်။ ဒါပေမယ့် Jennie အသံကတိုးသွားတဲ့အတွက် Lisa ပြန်မနှိုးလာနိုင်တော့ဘူးထင်ပြီး ကြောက်စိတ်တွေဝင်လာခဲ့တယ်။

"Lisa?ရှင်ကြားနိုင်မလားကျွန်မမသိပေမယ့် ကျေးဇူးပြုပြီး ကျွန်မဆီပြန်လာခဲ့ပါ။ ကျွန်မနောက်ထပ်ကြောက်ပြီး ထွက်မပြေးတော့ဘူးလို့ကတိပေးပါတယ်။ ကျွန်မအခုချိန်ကစပြီး ဘယ်အချိန်နေနေရှင့်အတွက် တိုက်ခိုက်မယ်လို့ ကတိပေးပါတယ်။ ကျွန်မရှင့်ကိုအရမ်းချစ်တယ်။ ကျွန်မရှင့်ကိုလိုအပ်တယ်။ ကျွန်မနဲ့ Liam ရှင့်ကိုလိုအပ်တယ်။" သူမပြောတာကြားရတယ်။ Lisa အထင် သူမ Lisa လက်ကိုကိုင်ပြီးပြောနေတယ်ထင်တယ်။ သူမလက်နွေးနွေးရဲ့ အထိအတွေ့ကိုခံစားနေရတယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now