Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၂၉)
(°°...°°က အင်္ဂလိပ်လိုပြောတာကို ရည်ညွှန်းတာပါ။ "..."က ဂျာမာန်လိုပြောတာကိုရည်ညွှန်းတာဖြစ်ပြီး /.../က အခုနိုင်ငံရဲ့စကားပြောပါ)
ဆက်ခံသူကိုသာ ဘုရင်လို့ သတ်မှတ်ထားသည့် အမှောင်ဘက်ခြမ်းကြောင့် ဆက်ခံသူမဲ့နေသော Maxiyo၏အင်အားသည် တစ်စတစ်စ ဆုံးရှုံးလာလေသည်။ ပုံမှန်အတိုင်းလက်နက်တို့ကိုထုတ်နေပါသော်လည်း တစ်နှစ်တစ်ကြိမ်တောင် ဒီဇိုင်းအသစ်မထုတ်ခြင်းကြောင့် အလင်းက လူတချို့ကပါ Maxiyo၏အင်အားကို ကဲ့ရဲ့ချင်လာကြသည်။
အမှောင်ကလူတွေကို Bellaကကိုင်တွယ်ပြီး အလင်းက လူတွေက Loganကထိန်းပေးခြင်းဖြင့် Maxiyoကို ကာကွယ်နေကြပေမယ့် ထိထိရောက်ရောက်ကြီးတော့ မဟုတ်ပေ။ ဆက်ခံသူကို ပြန်ခေါ်ဖို့ရာက မတတ်သာပေမို့ ရှိသမျှ အင်အားတွေနှင့် တောင့်ခံနေကြသည်။
သို့သော် ဒီနေ့တွင်တော့ Bella၏ကျန်းမာရေးသည် ဆိုးဝါးလာပေသည်။ အသက်ကြီးလာသည်နှင့်အမျှ ငယ်ရွယ်ချိန်က ဆိုးပေထားသည့် ဒဏ်ကိုခံလာရသည်။ အသည်းမှာအနာဖြစ်ခြင်းဟူသော ဝေဒနာကို Bellaလူးလဲခံစားနေရသည်။
" မမကြီး သက်သာရဲ့လား "
Aprilသည် သမီးကို မွေးပြီးထဲက ပြင်သစ်မှာသာနေပြီး အလုပ်ကိစ္စရှိမှ ဂျာမနီကိုပြန်တတ်သည်။ သမီးကလည်း အချိန်ပြည့် သူ့မွေးစာအဖေဆီမှာပဲမို့ April မမကြီးကို စောင့်ရှောက်မည့်အချိန်ပိုရသည်။
ခမ်းနားထည်ဝါလှသောကုတင်ပေါ်မှာ တစ်ချိန်က အမှောင်လောကစိုးမိုးခဲ့သော ဘုရင်မသည် ဘေးတခြမ်းစောင်းကာ လှဲနေပြီး ဆေးအရှိန်ကြောင့်မှိန်းနေသည်။ Aprilမေးသော စကားများကို အိပ်တစ်ချက် နိုးတစ်ချက်ဖြစ်နေသော မမကြီးသည် ကြားဟန် မတူပါ။ မမကြီးက ယခင်ကထက်ပိန်သွားပေမယ့် သန်သန်မာမာရှိတုန်းဖြစ်သည်။ နှစ်လ၊သုံးလလောက်ဆို ပျောက်မည့်ရောဂါကို April အကဲပိုကာ မေးနေခြင်းဖြစ်သည်။
April ဆန်ပြုတ်ခွက်ကို စားပွဲပေါ်တင်ကာ အကြံတချို့ရသွားသည်မို့ လူယုတ်မာပြုံးပြုံးလျက် ဖုန်းကိုထုတ်ပြီး video callခေါ်လိုက်သည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...