၃၈..မျက်ရည်

4K 394 6
                                    

[Unicode]

လူအော်သံများနှင့်ဓားသံများက သူမကိုအိပ်နေရာမှနိုးလာစေခဲ့သည်၊မျက်တောင်ခတ်ကြည့်လိုက်၍ပတ်ဝန်းကျင်က ကျယ်လောင်တဲ့အသံကိုကြားတော့အထိတ်တလန့်ဖြစ်သွားသည်။

စောစောကငါ အိပ်မက်နေတာပဲ၊အိပ်မက်ကလည်းရှင်းရှင်းလင်းလင်းကိုမြင်ရတာ၊စုရှင်းသူမလက်ကိုသူမပြန်ငုံ့ကြည့်လိုက်သည်,အထူးသဖြင့်လက်ကအမာရွတ်လေးကိုပေါ့၊ဘာတွေဖြစ်သွားလည်းမသိတော့ပေ။

ခေါင်းက လေးလံနေ၍ခန္ဓာကိုယ်က အနည်းငယ်ပင်ပန်းသလိုခံစားရသေးသည်၊ရင်ဘတ်ပေါ်မှာလည်း ဘဲအကြီးကြီးတက်ထိုင်နေသကဲ့သို့ခံစားနေရသည်။

'ဒါကရောဘာလဲ?'ရှင်းရှင်းလင်းမြင်လိုက်ရတုန်းကတော့ ဘေးမှာချီယွဲ့နဲ့ကျင်းအာရှိနေတာမှတ်မိပါသေးတယ်။

"သခင်မလေး,သခင်မလေးက လွန်ခဲ့တယ့်မိနစ်၃၀လောက်က မူးလဲသွားတာပါ၊အဲ့ဒီနောက်တော့ ဟယ်ပေမြို့စားရဲ့အဖွဲ့ခွဲတွေကယုံရှုနန်းဆောင်ထဲ၀င်ရောက်လာကြတယ်၊ဒါ​ပေမယ့်​ စိတ်​မပူပါနဲ့သခင်မလေး၊အခုအရှင့်သားနန်း​ဘုရင်​ကကသခင်မလေးကိုကယ်ဖို့ဒီကိုရောက်နေပါပြီ"

"၀မ်ဖေး ကိုကာကွယ်ကြ!"

စုရှင်းရင်းနှီးတယ့်အသံကိုကြားတော့ လှည့်ကြည့်လိုက်သည်။

'လီဟန်'

ဓားသွားက တလက်လက်တောက်ပနေပြီး မလှမ်းမကမ်းမှ လူသတ်သမားများက အဓိကဇာတ်ဆောင်ဆီပြေးသွားကြသည်၊လေထဲတွင်ဒါဇင်နဲ့ချီတဲ့မြှားတွေဟာနေရာအနှံ့ပျံဝဲနေပြီးတစ်ချောင်းကပင် သူမခြေထောက်ကိုမှန်လုနီးပါးဖြစ်သွားသည်။

"အမလေး!"သူမလည်းလန့်သွား၏။

ချူ၀မ်၀မ်ကတော့အမျိုးသား၀တ်စုံကို၀တ်ဆင်ထား၍လီဟန်ဘေးတွင်တိုက်ခိုက်နေသည်၊ထို့နောက်လုပ်ကြံသူများကသူတို့ကို၀န်းရံထားလိုက်ပြီး သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကျောချင်းကပ်နေတယ့်မြင်ကွင်းကိုမြင်တော့စုရှင်းမျက်လုံးများပြူးကျယ်သွားသည်။

ဒီမြင်ကွင်းမျိုးကို မြင်ဖူးသူတွေကတော့ ဇာတ်ကောင်နှစ်ယောက်ရဲ့အထင်ကြီးလောက်စရာchemistryမိနေတာတွေကိုငြင်းလို့မရမှာအမှန်ပဲ၊သူတို့ရဲ့အတိုက်အခိုက်တွေနဲ့လှုပ်ရှားမှုကတစ်ယောက်နဲ့တစ်ယောက်လိုက်လျောညီထွေနေကြသည်၊သူတို့ကြားက မယုံနိုင်စရာကောင်းလောက်အောင်ချိတ်ဆက်မှုတွေကတိုက်ပွဲကိုပိုသက်၀င်လှပစေသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now