အခန်း ၁

22.8K 856 73
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မြန်မာသက္ကရာဇ် ၁၃၁၅ ခု ၊ တန်ဆောင်မုန်း လဆန်း ၁၄ ရက် ။


မြန်မာသက္ကရာဇ် ၁၃၁၅ ခု ၊ တန်ဆောင်မုန်း လဆန်း ၁၄ ရက် ။

ခရစ်နှစ် ၁၉၅၄ ခုနှစ် ၊ နိုဝင်ဘာလ ၉ ရက်နေ့ ။

ထိုနေ့ဟာ ပြဿဒါးနေ့ ။

" အို ။ ကျွန်မ ဘယ်လိုမှလက်မခံနိုင်ဘူး ။ တွေ့ရာမိန်းမတွေနဲ့ ဖောက်ပြန်နေတဲ့ရှင့်ကို ကျွန်မ ခွင့်လွှတ်ခဲ့တာပဲ ကိုမြင့်မောင် ။ ရှင်က ဘာတွေထပ်လိုချင်နေရပြန်ပြီလဲ ။ "

ပန်းမြို့တော် သို့မဟုတ် တောင်လှေကားမြို့တော် ဟုတင်စားခေါ်ဝေါ်ကြသော မေမြို့ (ပြင်ဦးလွင်မြို့)ရှိ 'သီရိမြိုင်' ဟုအမည်တွင်သော စံအိမ်တော်ကြီး၌ ဧည့်ခန်းထဲက သစ်သားခုံပေါ်မှာ အထက်ဆင်ချိတ်ထဘီနှင့် ဇာအင်္ကျီလက်အကားကိုဝတ်ထားလို့ ဆံနွယ်ရှည်များအား ဘေးတစ်ဖက်သို့ချထားသည့် အသက် ၃၇ နှစ်အရွယ် သခင်မမြိုင်ဟာ သူမအရှေ့၌ထိုင်နေသော လင်ယောက်ျားအား ဒေါသပုန်ထနေပြန်တော့သည် ။

" ပြောစမ်းပါ ကိုမြင့်မောင် ။ မန္တလေးကိုခဏလောက်တာဝန်ကျလို့သွားခဲ့ပြီး အိမ်အပြင်မှာ ခြေကစားရတာအားမရလို့ အိမ်အတွင်းထဲပါ မယားငယ်ခေါ်လာချင်ပြီလား ။ "

" အဲ့လိုမဟုတ်ရပါဘူး မြိုင်ရယ် ။ ညိုလေးက သနားစရာသိပ်ကောင်းလွန်းတဲ့ မိန်းကလေးတစ်ယောက်ပါ ။ ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေတဲ့ ညိုလေးကိုကြည့်ပြီး အစ်ကို့ရင်ထဲမှာ ဝမ်းနည်းလာသလိုနဲ့ သနားမိပြီး မေတ္တာသက်ဝင်ခဲ့တာပါ မြိုင် ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now