Chapter 15.1

5.4K 944 9
                                    

(Unicode)

လူတိုင်းအားတက်သွားကြပြီးနောက် ကျောက်သားအိုးသုံးအိုးကို တချိန်တည်းမှာ အသုံးပြုလိုက်ကြတယ်။ဒါပေမယ့် ဒီအချိန်က အရမ်းချောချောမွေ့မွေ့ မဖြစ်သွားခဲ့ပါဘူး။ကျောက်သားအိုးတစ်အိုးက ပူလာပြီးနောက် ဆားထုတ်လုပ်တဲ့အချိန်မှာ ကွဲသွားခဲ့ပါတယ်။လူစုလူဝေးကြီးက အံ့အားသင့်သွားကြပြီး တချို့လူတွေက အပြင်ဘက်က ကျောက်သားအိုးနှစ်အိုးကို ကြည့်ဖို့ အလျင်စလိုသွားခဲ့ကြတယ်။အိုးတွေက ‌အခြေအနေကောင်းမှာ ရှိနေတာကို တွေ့ခဲ့ကြပြီး ဆားကို ချက်ချင်းထုတ်လုပ်နိုင်ခဲ့တယ်။

"ပိုင်မု ဘာပြသနာရှိနေလို့လဲ"မျိုးနွယ်စုခေါင်းဆောင်က ပိုင်မုကို ကြည့်လိုက်ပြီး သူ့ဆီက အဖြေရဖို့ မျှော်လင့်နေတယ်။

နီးနီးကပ်ကပ်ကြည့်ပြီးနောက် ပိုင်မုက မျိုးနွယ်စုခေါင်းဆောင်ကို ပြောခဲ့တယ် : "ဒီအိုးအတွက် ကျောက်တုံးက မှားနေတယ်။ ကျောက်တုံးက မြင့်မားတဲ့အပူချိန်နဲ့မီးကို ခုခံရမှာ။ဒီကျောက်တုံးက တခြားနှစ်ခုနဲ့ နည်းနည်း ကွာခြားတယ်။နောက်ကျရင် လူတွေကို ကျောက်တုံးပေးရွေးချယ်လိုက်မယ်။တခြားကျောက်သားအိုးနှစ်အိုးအတွက် ကျောက်တုံးလိုမျိုး ရွေးချယ်ရုံပဲ"

စာတွေ့ပဲပြောနေတဲ့အချိန် ပြသနာရှိနေဆဲဆိုတာကို ပိုင်မုက တွေးမိခဲ့တယ်။ကျောက်တုံးရွေးချယ်ဖို့ သူမသွားခင်ညက နေရာလွတ်ထဲမှာ ကျောက်တုံးတွေအကြောင်း စာအုပ်တစ်အုပ်ကို သူရှာတွေ့ခဲ့ပြီး အဲ့ဒီကို သွားခဲ့တယ်။

ဒါကို ကြားရပြီးနောက် မျိုးနွယ်စုခေါင်းဆောင်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းတချက်ကို ရှူထုတ်လိုက်ပြီး မနက်ဖြန် ကျောက်တုံးဆက်ရွေးဖို့ လူတွေ စီစဉ်ခဲ့တယ်။သူတို့က အိုးသုံးလုံးလုပ်ရဦးမယ်။ထို့နောက် သူက မနက်ဖြန် အမဲလိုက်ဖို့  orcsတွေ စီစဉ်လိုက်ပြန်တယ်။ဘာရိုသီးကို ကောက်နေရင်းနဲ့ အသားဆားနယ်ခြောက်လုပ်ဖို့ ပိုင်မုက လူတိုင်းကို သင်ပေးစေလိုက်တယ်။

ကျန်တဲ့အချိန်တွေမှာ ပိုင်မုက အဆင်ပြေနေပြီး သူက ခဲယ်လ်တစ်ကို သူ့ကိုတောထဲခေါ်သွားဖို့ ပြောခဲ့တယ်။သူက ပါ၀င်ပစ္စည်းအချို့ကို ရှာချင်ပေမယ့် နောက်ဆုံးအကြိမ်တုန်းက သူကောက်ခဲ့တဲ့ ဟင်းသီးဟင်းရွက်ရိုင်းတွေက အန်းချီလော့ကြောင့် စွပ်ပြုတ်ထဲ အချက်ခံလိုက်ရပြီ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now