၄၀..၀န်ခံလိုက်

4.1K 376 3
                                    

[Unicode]

(ကျင်းအာ၏ရှုထောင့်)

'သခင်မလေးကို အရမ်းသဘောကျတယ်'

သူမရဲ့နာမည်လေးတောင်မှ နွေးထွေးပြီးကြင်နာတတ်တယ့်နာမည်မျိုး;ပိုင်စုရှင်းတယ့်,ပိုင် ရဲ့အဓိပ္ပာယ်က'ဖြူစင်ခြင်းနဲ့သန့်စင်ခြင်း';စု ရဲ့အဓိပ္ပာယ်က'ရိုးရှင်းခြင်း'ရှင်း ရဲ့အဓိပ္ပာယ်က 'နှလုံးသား'တယ့်၊ထိုသခင်မလေးက ဘယ်အမတ်ချုပ်အိမ်တော်ရဲ့အကြီးဆုံးသမီးလေ။

"ကျင်းအာ,ငါသခင်မလေးကိုအရမ်းစိတ်ပူတယ်,သခင်မလေးအဆင်ပြေသွားမှာပါနော်,ဟုတ်တယ်မလားဟင်"

လွန်ခဲ့သည့်ရက်သတ္တပတ်က သခင်မလေးအတွက်ဆိုးရွားတယ့်အဖြစ်အပျက်များကြုံတွေ့ခဲ့ရသည်၊စိုးရိမ်နေတယ့်သခင်မနဲ့ဒေါသထွက်နေတယ့်သခင်ကြီးကအိမ်တော်တစ်ခုလုံးကအစေခံတွေကိုနိုးနိုးကြားကြားရှိစေရန်သတိပေးထား၏။

"သခင်မလေးကရေနစ်တာကနေအကယ်ခံရပြီးကတည်းကငိုနေတာမရပ်သေးဘူး၊သခင်မလေးကအသက်၁၂နှစ်ပဲရှိသေးတာ၊သူ့အသက်ဆုံးရှုံးခံနီးကိုဖြစ်ထားတာကို ဘာလို့အဲ့လောက်ငိုနေရတာပါလိမ့်?"

"သမားတော်ကငါတို့ သခင်မလေးကိုကောင်းကောင်းပြုစုရင်ပြန်သက်သာလာမှာပါ
တယ့်"

"မင်လဲ့,သခင်မလေးရော?"

"ဟ..ဟမ်?"

"သခင်မလေး!ဘယ်မှာလဲ?"

"သခင်...သခင်မလေးကဒီနားမှာလေ"

သခင်မလည်း သခင်မလေးထပ်ပျောက်သွား
တယ့်သတင်းကိုကြားတော့ မူးလဲသွားတော့သည်၊ထို့နောက် လုခိုင်ကအစောင့်အားလုံးကိုချက်ခြင်းစုရုံးစေပြီးတာ၀န်ပေးလိုက်သည် "လူခွဲပြီး သခင်မလေးကိုရှာကြ!"

မိနစ်သုံးဆယ်အကြာတွင် အရှေ့ခြံဝင်းတစ်ခုမှ အော်သံတစ်ခုကြားလိုက်ရသည်။

"သခင်မလေး!!!"

ကြမ်းပြင်ပေါ်မှာလဲကျနေသောကုလားထိုင်တစ်လုံး;မျက်နှာကျက်ဘားတန်းမှတွဲလောင်းကျနေသည့် အဖြူရောင်ပိုးထည်ရှည်သည်ရင်းနှီးပြီးသားဖြစ်သောမိန်းမငယ်လေး၏နူးညံ့သောလည်ပင်းကိုညှစ်ထားသည်၊မိန်းမငယ်လေးကအလယ်တွင်ရှိနေကာ မောဟိုက်နေပြီးတိတ်တဆိတ် ရုန်းကန်နေလေ၏။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now