21.2

3.9K 423 15
                                    

ထို့နောက် နှစ်ယောက်သား စကားမပြောကြဘဲ​ ဓာတ်လှေကားထဲ ဝင်ခဲ့ကြသည်။ ဓာတ်လှေကားထဲရောက်တော့ ယောင်ယောင်က ခေါင်းတောင် ဘေးကိုလှည့််ထားသေး ချင်းကျင်းက သူမ မျက်နှာထားကို စိတ်ဝင်တစားနဲ့ကြည့်နေခဲ့သည်။

သူမ ဒေါသထွက်တာကိုလည်းမြင်ဖူးသလို သူမ သူများကိုဆဲတာကိုလည်း မြင်ဖူးသည်။ ဒါမဲ့ သူမရှက်တာကိုတော့ မမြင်ဖူးဘူးလေ

ယောင််ယောင်က အပူကြောင့် စိတ်ထဲ ပျာလို့နေသည်။ ဝိုင်ကြောင့်ပဲ သူမက အရက်သိပ်မသောက်နိုင်ဘူးလေ နည်းနည်းသောက်တာနဲ့ မူးတာပဲ အဲ့ဒါကြောင့်လည်း ပုံမှန်ဆို သိပ်မသောက်တာ

သူတို့မြေအောက် ကားပါကင်ကိုရောက်တော့ ချင်းကျင်းကယောင်ယောင်လက်ကိုဆြွကာ သူမကို နံရံမှာကပ်ပြိး နမ်းရှိုက်တော့သည်။

ယောင်ယောင်က မျက်လုံးပြူးသွားကာ ချင်းကျင်းကို မော့ကြည့်လိုက်ရင်းတချိန်တည်းမှာပဲ သူ့လျှာက သူမ ပါးစပ်ထဲ တိုးဝင်လာတော့သည်။

မျက်လုံးမှိတ်ထားလိုက်တာကြောင့် ယောင်ယောင် သူမအာရုံတွေ ပိုပြီးထိရှလွယ်လာသလိုပင် သွားကိုလှုပ်ကာ ပါးစပ်ထဲ လှုပ်ရှားနေတဲ့ လျှာကိုကိုက်လိုက်သည်။ သူမ သည်းမခံနိုင်တဲ့အဆုံးတော့ ဆက်မကိုက်နိုင်တော့ဘဲ လွှတ်ပေးလိုက်ရတော့သည်။ ဒီလို နေရာမျိုးမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး စိတ်ပြင်းပြကြသလိုပင်

ရိုးရှင်းတဲ့ အနမ်းတစ်ခုဆိုဘာမှဖြစ်မလာနိုင်ပေမယ့်  ဒီလိုမျိုး နမ်းရှိုက်မှုက သူမ တကိုယ်လုံးကိုပျော့ခွေလာတဲ့ထိပင် ယောင်ယောင် ချင်းကျင်းလည်ပင်းကိုဖက်ကာ သူမ တကိုယ်လုံးကို သူ့ပေါ်မှီထားလိုက်သည်။ သူမ တကယ်မူးနေသလိုပင်

ချင်းကျင်းက ယောင်ယောင်ကို နမ်းတာ ရပ်လိုက်ရသည်လေဒီလိုအခြေအနေမျိုးမှာ နမ်းမိတာကို သူတကယ်နောင်တရလို့မဆုံး မဟုတ်ရင် နမ်းတာကို ရပ်မှာမဟုတ်ဘူး  ယောင်ယောင်ရဲ့ ရှုပ်ပွနေတဲ့ အဝတ်အစားတွေကို ပြန်ပြင်ပေးလိုက်သည်။ သူမွှန်နေပေမယ့် ဘယ်ရောက်နေလဲဆိုတာကိုတော့ မမေ့သေးးဘူးလေ ပြီးတော့ အဲ့လို ကြမ်းကြမ်းတမ်းတမ်းနမ်းတာကလွဲပြီး သူတခြားဘာမှမလုပ်နိုင်ဘူးလေ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now