လဝက်ခန့်အချိန်ယူကာ ပြင်ဆင်ပြီးတဲ့နောက်မှာ အဖိုးက ဧကရာဇ်မောင်အား ကုမိသားစုစီးပွားရေးလုပ်ငန်းစုအားလုံးရဲ့ ဥက္ကဌရာထူးကို တရားဝင် လွှဲပြောင်းပေးအပ်လိုက်လေသည် ။ ထိုသတင်းက စီးပွားရေးလောကကိုလှုပ်ခပ်သွားစေပြီး ငယ်ရွယ်ကာအတွေ့အကြုံနုသေးတဲ့လူငယ်အပေါ် သိပ်ပြီးမယုံကြည်ကြတာ မဆန်းပေ ။ မလိုမုန်းတီးသူတစ်ချို့ကတော့ ဝေဖန်ကြပေမဲ့ ရှေ့မှာတော့မပြောရဲကြပေ ။
ဧကရာဇ်မောင်ရဲ့ ကြိုးစားအားထုတ်မှုရဲ့ရလာဒ်တွေကြောင့် အတွေ့အကြုံရှိပြီးအမြင်ကျယ်တဲ့အဖွဲ့ဝင်တွေက ထက်မြတ်တဲ့သူ့အား ကန့်ကွက်ခြင်းမရှိသလို ဂုဏ်ပြုပေးကြသည် ။ ဧကရာဇ်မောင်လဲ အိမ်မှာချုပ်နှောင်ခံထားရတာထက်စာရင် အလုပ်ကိုအာရုံစိုက်ပြီးနေရတာက ပိုကောင်မည်ဟု တွေးလိုက်သည် ။ လူတွေထံကကဲ့ရဲ့ခံရတာဟာ သူ့အတွက်တော့သာမန်လိုတောင်ဖြစ်နေပြီ ။ အချိန်တန်ရင် ဒီပါးစပ်ပေါက်တွေက သူကအလုပ်နဲ့သက်သေပြပြီးပိတ်လိုက်နိုင်မှာဖြစ်သည် ။
ဥက္ကဌရာထူးလွှဲပြောင်းပြီးနောက် ပထမဆုံး ဥက္ကဌအသစ်ရဲ့ရုံတက်သည့်နေ့၌ ထူးထူးခြားခြား ကုမုဒြာဟာ အစောကြီးထကာ ပြင်ဆင်နေလေတော့သည် ။
" မောင်နဲ့ဒါလေးကလိုက်လောက်လား … မောင်ကအသားဖြူပြီး အရပ်လည်းရှည်တော့ နတ်ပြာရောင်လေးနဲ့လိုက်မှာပဲ … နတ်ကတိုင်က အဆင်းကြားလေးကိုမှ ရင်ထိုးကစိန်စီထားတာလေးဆို အဆင်ပြေမယ် … နာရီကရော အသစ်ထွက်တာကမရောက်သေးဘူးပဲ … အရေးကြီးပါတယ်ဆိုမှ ဟူး … ဖိနပ်ကအနက်ရောင်လေးဆင်ပေးမယ် … မောင်ကတော့ အရမ်းခန့်ပြီး ချောနေတော့မှာ "
တန်ဖိုးကြီးပစ္စည်းတွေများစွာထဲကမှ မုဒြာမောင်နဲ့လိုက်ဖက်မဲ့ဟာကို အချိန်ယူပြီးရှာဖွေနေရသည် ။ မောင်ကအရင်ကနဲ့မတူတော့ပဲ ဥက္ကဌတစ်ယောက်ဖြစ်ပြီမို့ ခန့်ညားထည်ဝါနေဖို့လိုသည်လေ …
" မင်း … ဒီမှာ ဘာလုပ်နေတာလဲ "
ရေချိုခန်းထဲကနေထွက်လာတဲ့မောင်က ခါးမှာအဖြူရောင်သပတ်ပတ်ထားပြီး အပေါ်ပိုင်းအဝတ်ဗလာနဲ့ ကိုယ်ပေါ်မှာ ရေစက်များတွဲခိုလျှက်ရှိနေပုံက အလွန်ဆွဲဆောင်မှုရှိလှသည် ။ မောင်ကတစ်ယောက်ထည်းစကားတွေပြောနေတဲ့ မုဒြာအား ရပ်ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည် ။
YOU ARE READING
Hidden love " ကုမုဒြာ "( complete )❤️
Romanceလရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...