Part 23(Uni+Zawgyi)

5.2K 229 12
                                    

Uni

ရာသီ​တွေ အလီလီ ​ပြောင်းခဲ့ပြီး ​ဆောင်းဦး​ရောက်ခဲ့ပြန်ပြီ ။ ​ဂျပန် က ဆောင်းဦး ​တောင် အ​တော်​လေး ​အေး​​နေခဲ့ပြီ။ လမ်းတ​လျှောက်အပင်​တွေမှာလည်း အရွက်​တွေ မရှိသ​လောက် ။ ကို​ဘေးမြို့​လေး က ​သေး​ပေမယ့် သာယာလွန်းလှသည်။ မြို့တ​လျှောက်လုံးကပင်လယ် ကမ်း​ဘေးမှာရှိတာ ။ မနက်လင်းတာ နဲ့ ပင်လယ်ထဲက ​နေထွက်ပြီး ​အ​နောက်ဘက်တောင်တန်း​တွေကြားထဲတွင် ​နေဝင်သွားသည်။ ​​ခေတ် က မနက်ဆို အ​စောထပြီး ပင်လယ် ကမ်း​ဘေးတ​လျှောက် လမ်း​လျှောက်​နေကြ။ တစ်​နေ့တာ အစမှာ အဲ့လို လမ်း​လျှောက်လိုက်ရတာ တစ်​နေကုန် ​နေလို့​ကောင်းသွားတာပဲ။

အခု​တော့ Birthday ​​တွေ​ကော၊ Valentine's day ​ကော ၊ Anniversary ​ကော New Year ​ကော တစ်​ယောက်ထဲ ဖြတ်သန်း လာခဲ့တာကျင့်သား​တောင် ရ​နေပါပြီ ။ ​မောင်နဲ့ မ​တွေ့ရတာ ရက်​ပေါင်း (750) ​ကျော်ပြီ​လေ ။ ​မောင်က​ကော ဘာ​တွေ လုပ်​နေမလည်း ။ ​ပျောက်​သော သူကြာရင်​မေ့ဆို​ပေမယ့် ကြာ​လေ သတိရ​​လေ ပါပဲ​မောင်ရယ် ။

' ​မောင်

​မောင်နဲ့မ​တွေ့ရတာ ရက်​ပေါင်း ၇၅၀ ​ကျော် ပြီ​နော် ။ ​မောင်အဆင်​ပြေရဲ့လား ။ ​ခေတ်က​တော့ ​မောင်နဲ့မ​တွေ့ရတာ က လွဲရင် အားလုံး အဆင်​ပြေတယ်။ ​မောင် အသစ်​တွေ့​နေပြီလား။ ​ခေတ်ကို​မေ့သွားပြီမို့လား။ ​မေ့လိုက်ပါ​မောင်။ ​ခေတ်က အပြစ်မရှိတဲ့​မောင့်ကိုတစ်​ယောက်ထဲထားခဲ့တာကို ​မုန်းပစ်သင့်တာ​ပေါ့

​မောင့်ကို အရမ်းချစ်တဲ့​ခေတ်'

​ခေတ် ဒိုင်ယာရီ ​ရေးပြီး ​စော​စော စီးစီး မျက်ရည်​တွေ စီးကျ​နေသည်။ ​ခေတ် ​ရေချိုးခန်းဝင်ပြီး ​ရေ​နွေးနဲ့​ရေအမြန်ချိုးလိုက်သည် ။ ​ဘေးအခန်းက မကြီးသင်းနဲ့ ချိန်းထားတာ​လေ။

ခေတ် ပိတ်ရက်ဖြစ်တာ​​ကြောင့် ​​ဘေးအခန်းက မြန်မာ အမနဲ့ shopping ထွက်လာခဲ့သည်။

​"ခေတ်​လေး ဆံပင် မညှပ်​တော့ဘူးလား
ရှည်​နေပြီ​နော် "

အခုဆို ​ခေတ်ဆံပင်​တွေက ဂုတ်​ကျော်​ပြီး ​ကျော အလယ်​​လောက်ရှိ​နေပြီ ။ ညှပ်ချင်စိတ်မရှိတာရယ် ​​မောင်မြတ်နိုးတဲ့ဆံပင်​တွေမို့ မညှပ်ရက်တာရယ်​ကြောင့် မညှပ်ဖြစ်။ ဆံပင်ညှပ်ရင်လည်း ​မောင့်ကို တိုင်ပင်​နေကျမို့ ။ တကယ်ပါပဲ ​​မောင့်ကိုထားခဲ့ရ​ပေမယ့် ​မောင့်စိတ်နဲ့ပဲ အသက်ရှင်​နေတယ်ဆိုတာ ​ပြောပြချင်လိုက်တာ ။

Forever Together  (Completed)Where stories live. Discover now