Uni
ရာသီတွေ အလီလီ ပြောင်းခဲ့ပြီး ဆောင်းဦးရောက်ခဲ့ပြန်ပြီ ။ ဂျပန် က ဆောင်းဦး တောင် အတော်လေး အေးနေခဲ့ပြီ။ လမ်းတလျှောက်အပင်တွေမှာလည်း အရွက်တွေ မရှိသလောက် ။ ကိုဘေးမြို့လေး က သေးပေမယ့် သာယာလွန်းလှသည်။ မြို့တလျှောက်လုံးကပင်လယ် ကမ်းဘေးမှာရှိတာ ။ မနက်လင်းတာ နဲ့ ပင်လယ်ထဲက နေထွက်ပြီး အနောက်ဘက်တောင်တန်းတွေကြားထဲတွင် နေဝင်သွားသည်။ ခေတ် က မနက်ဆို အစောထပြီး ပင်လယ် ကမ်းဘေးတလျှောက် လမ်းလျှောက်နေကြ။ တစ်နေ့တာ အစမှာ အဲ့လို လမ်းလျှောက်လိုက်ရတာ တစ်နေကုန် နေလို့ကောင်းသွားတာပဲ။
အခုတော့ Birthday တွေကော၊ Valentine's day ကော ၊ Anniversary ကော New Year ကော တစ်ယောက်ထဲ ဖြတ်သန်း လာခဲ့တာကျင့်သားတောင် ရနေပါပြီ ။ မောင်နဲ့ မတွေ့ရတာ ရက်ပေါင်း (750) ကျော်ပြီလေ ။ မောင်ကကော ဘာတွေ လုပ်နေမလည်း ။ ပျောက်သော သူကြာရင်မေ့ဆိုပေမယ့် ကြာလေ သတိရလေ ပါပဲမောင်ရယ် ။
' မောင်
မောင်နဲ့မတွေ့ရတာ ရက်ပေါင်း ၇၅၀ ကျော် ပြီနော် ။ မောင်အဆင်ပြေရဲ့လား ။ ခေတ်ကတော့ မောင်နဲ့မတွေ့ရတာ က လွဲရင် အားလုံး အဆင်ပြေတယ်။ မောင် အသစ်တွေ့နေပြီလား။ ခေတ်ကိုမေ့သွားပြီမို့လား။ မေ့လိုက်ပါမောင်။ ခေတ်က အပြစ်မရှိတဲ့မောင့်ကိုတစ်ယောက်ထဲထားခဲ့တာကို မုန်းပစ်သင့်တာပေါ့
မောင့်ကို အရမ်းချစ်တဲ့ခေတ်'
ခေတ် ဒိုင်ယာရီ ရေးပြီး စောစော စီးစီး မျက်ရည်တွေ စီးကျနေသည်။ ခေတ် ရေချိုးခန်းဝင်ပြီး ရေနွေးနဲ့ရေအမြန်ချိုးလိုက်သည် ။ ဘေးအခန်းက မကြီးသင်းနဲ့ ချိန်းထားတာလေ။
ခေတ် ပိတ်ရက်ဖြစ်တာကြောင့် ဘေးအခန်းက မြန်မာ အမနဲ့ shopping ထွက်လာခဲ့သည်။
"ခေတ်လေး ဆံပင် မညှပ်တော့ဘူးလား
ရှည်နေပြီနော် "အခုဆို ခေတ်ဆံပင်တွေက ဂုတ်ကျော်ပြီး ကျော အလယ်လောက်ရှိနေပြီ ။ ညှပ်ချင်စိတ်မရှိတာရယ် မောင်မြတ်နိုးတဲ့ဆံပင်တွေမို့ မညှပ်ရက်တာရယ်ကြောင့် မညှပ်ဖြစ်။ ဆံပင်ညှပ်ရင်လည်း မောင့်ကို တိုင်ပင်နေကျမို့ ။ တကယ်ပါပဲ မောင့်ကိုထားခဲ့ရပေမယ့် မောင့်စိတ်နဲ့ပဲ အသက်ရှင်နေတယ်ဆိုတာ ပြောပြချင်လိုက်တာ ။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး