127

6.2K 1.1K 34
                                    

Unicode

“ရှောင်ယို့.. သွားကြမယ်..”

ရင်းဆုယဲ့က ဝတ်စုံပြည့်ဝတ်ဆင်ပြီးနောက် နောက်လှည့်ကာ ရွှယ်ယို့ရှန်းထံ လက်ကမ်းလိုက်တယ်။

“ကောင်းပြီ..”

ရွှယ်ယို့ရှန်းက နာခံစွာဖြင့် သူ့ရဲ့လက်ကို ရင်းဆုယဲ့လက်ထဲ ထည့်ပေးလိုက်တယ်။

ဒီနေ့က ရင်းဆုယဲ့ ပြန်နိုးထလာပြီး ဆယ်ရက်မြောက်နေ့၊ ပြီးတော့ တစ်လောကလုံးရဲ့ ရှေ့မှောက်မှာ လူသားဘုရင်အဖြစ် ထီးနန်းစိုးစံရမယ့် မင်္ဂလာနေ့ရက်လည်း ဖြစ်တယ်။ ရင်းဆုယဲ့နဲ့အတူ ပွဲတက်ပေးမယ်လို့ ကတိပေးခဲ့တာကြောင့် ရွှယ်ယို့ရှန်းက ကတိမဖျက်ချင်ဘူး။ ထို့ကြောင့် မနက်စောစော အိပ်ရာထကာ ပြင်ဆင်ရတော့တယ်။ တစ်မနက်လုံး အလုပ်ရှုပ်ခဲ့ရတယ်။

ပွဲစခါနီးအချိန်ရောက်မှသာ ရွှယ်ယို့ရှန်းတစ်ယောက် အနားရခဲ့တယ်။ ဒါပေမဲ့ အသက်တောင် ဖြောင့်ဖြောင့်မရှူနိုင်ခင် အခန်းအပြင်ဘက်မှ ကျယ်လောင်စူးရှတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

“ဝမ်းမြောက်ကြောင်းပါ အရှင်မင်းကြီး..!”

ထိုအသံကိုကြားတာနဲ့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်းလက်ကို ဆွဲကိုင်ကာ တံခါးအပြင်ကို ထွက်သွားတယ်။ တံခါးအပြင်မှာတော့ များပြားလှတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရလေတယ်။ ထိုလူအုပ်ကြီးက ဦးညွတ်ကာ အရိုအသေပြုလာကြတယ်။

“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ..!”

လူအုပ်ကြီးရဲ့ ဂုဏ်ပြုသံနဲ့အတူ ဘေးတစ်ဖက်စီမှာ ရပ်စောင့်နေကြတဲ့ အခြွေအရံတွေက စတင်လှုပ်ရှားလာကြတယ်။ ရှေ့ဆုံးမှာတော့ အဖြူရောင်နန်းတွင်းဝတ်စုံဝတ် မိန်းမငယ်လေး,လေးယောက်က ဆံပင်ကို လှပသေသပ်စွာ ထုံးဖွဲ့ထားပြီး နှစ်ယောက်တစ်တွဲစီ လျှောက်လှမ်းနေကြတယ်။ ပထမဆုံးနှစ်ယောက်က ပန်းခြင်းအသီးသီး ကိုင်ဆောင်ထားပြီး လမ်းတစ်လျှောက် ပန်းပွင့်ချပ်တွေကို ဖြန့်ကြဲသွားတယ်။ နောက်ကနှစ်ယောက်က အမွှေးနံ့သာအိုးတစ်ခုကို ကိုင်ဆောင်ထားကြတယ်။ သူတို့နောက်မှာတော့ ငွေရောင်သံချပ်ကာဝတ် စစ်သည်တော်တွေက လှံရှည်တွေကို ကိုင်ဆောင်ကာ လိုက်ပါလာကြတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now