7

3K 479 47
                                    

[Unicode]

"ပရိသတ်များအားလုံး မင်္ဂလာနံနက်ခင်းပါခင်ဗျာ။ JJTV မနက်ခင်း သတင်းမှ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ အစီအစဉ်တင်ဆက်သူ A ပါ။"

"သတင်း‌ပေးပို့ချက်အရ ပြင်ပအရာ၀တ္ထုတစ်ခုကို မတော်တဆ မျိုချမိလို့ အမျိုးသားတစ်ဦးဟာ ဆေးကုသမှုခံယူဖို့ ဆေးရုံကို သွားခဲ့ရကြောင်းနဲ့ အဲ့အရာက မျက်နှာပေါင်းတင်တဲ့ဗူး ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။အခု ကျွန်ုပ်တို့ရဲ့ ကြည့်ရှုသူများကို သတိပေးချင်တာကတော့ ကျေးဇူးပြုပြီး နိုင်ငံခြားက အရာဝတ္ထုများကို ပါးစပ်ထဲကို မထည့်ပါနဲ့။"

"သတင်း‌ပေးပို့ချက်အရ ပြင်ပအရာ၀တ္ထုတစ်ခုကို မတော်တဆ မျိုချမိလို့ အမျိုးသားတစ်ဦးဟာ ဆေးကုသမှုခံယူဖို့ ဆေးရုံကို သွားခဲ့ရကြောင်းနဲ့ အဲ့အရာက မျက်နှာပေါင်းတင်တဲ့ဗူး ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။အခု ကျွန်ုပ်တို့ရဲ့ ကြည့်ရှုသူများကို သတိပေးချင်တာကတော့ ကျေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[T/N: Mask Stick ပါ]

"နောက်တစ်ခုကတော့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အရက် ခံနိုင်ရည် နည်းပါးမှုကြောင့် အရက်ရှိန်တက်ကာ စိတ်လွတ်ပြီး ညဘက်မှာအရက်မူးနေတာဖြစ်ပါတယ်။ သူမက ရေမြောင်းအဖုံးကြီးကို သယ်ပြီး ဒေါသတကြီးနဲ့ လမ်းမပေါ်မှာ မီတာရာနှင့်ချီ ပြေးခဲ့တာဖြစ်ပါတယ်"

"ညဉ့်နက်ပိုင်းမှာ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြည့်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ကြောက်လန့်တကြား မူးမေ့လဲသွားခဲ့ပါတယ်။ဒါကြောင့် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အမျိုးအစား ခွဲခြားမှုကို တတ်နိုင်သမျှ အမြန်ဆုံး အဆင့်မြှင့်တင်သွားမယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်"
........

ရှန်ဖုန်းယွဲ့ က ဒီနေ့ မနက်စောစောထ‌တာမလို့ မနက်သတင်းကြည့်ဖို့ TV ဖွင့်ထားလိုက်တယ်။ လာနေတဲ့ဟာတွေကလည်း ဒီလိုထူးထူးဆန်းဆန်း သတင်းတွေချည်းပဲ။ သူက ပိတ်လိုက်တော့မယ့် အချိန်မှာပဲ ကြားကနေဖြတ်ပြီးပြောလိုက်တဲ့ အစီအစဉ်တင်ဆက်သူရဲ့ အသံကိုကြားလိုက်ရတယ်။

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now