၄၂..ဆိုင်းဘုတ်

3.8K 358 3
                                    

[Unicode]

"အဲဒီအမာရွတ် ဘယ်တုန်းကရထားဝာာလဲ?"

"ဟမ်...ဘာမှမဟုတ်ပါဘူး၊ခွေးကိုက်ခံထားရတာ"

သူမ တံခါးနားကသူ့ကိုတစ်ချက်ကြည့်လိုက်သည်၊ချန်ကျင်းခဲ့ ကသက်ပြင်းချလိုက်ပြီးရှီးရှီးကိုကားတံခါးဖွင့်ပေးလိုက်သည်၊အစောပိုင်းက ရှီးရှီးသူမကိုလာခေါ်ပေးဖို့ ချန်ကျင်းခဲ့ကိုဖုန်းဆက်ခေါ်ထားခြင်းဖြစ်သည်။

ဖုန်းတွေ၊အင်တာနက်တွေ၊iQiyi၊ အစားအသောက်ပို့ဆောင်မှုတွေ၊ပို့ဆောင်ပေးတာမြန်ဆန်မှုတွေ၊လေယာဉ်တွေ အထူးသဖြင့် ကားတွေကို ကျေးဇူးတင်နေမိသည်၊သူမကားစီးရုံနဲ့ငိုရတဲ့အထိပျော်ရမယ်လို့ တစ်ခါမှမထင်ခဲ့မိပေ၊နှုတ်ဆက်ပါတယ် ရထားလုံးစုတ်တွေရေ!

"ခွေး?"

လက်ပေါ်ကဒီရုပ်ဆိုးတယ့်အမာရွတ်အကြောင်းကိုဘယ်လိုရှင်းပြရမလဲ တစ်ယောက်ယောက်ပြောပြကြပါလား?ဒီအမာရွတ်ကြီးက ဘာလို့လက်တွေ့ကမ္ဘာထိပါလာရတာလဲ?

အာ...ခေါင်းကိုက်လိုက်တာ

'မိုးနတ်မင်းကြီးရေ အာ!ဒါတော့အရမ်းများသွားပြီ!

"ချန်ကျင်းခဲ့ ဆက်မမေးပါနဲ့တော့၊ကျေးဇူးပြုပြီး ငါစိတ်တွေရှုတ်နေလို့ပါ"ရှီးရှီး သူ့ဘက်ကိုတစ်ချက်စောင်းကြည့်ရင်းပြောလိုက်သည်။

သူ့အမူအရာကို ဖတ်ကြည့်လို့မရပေ"အကြောင်းတစ်ခုခုကြောင့် ဒီအမာရွတ်က ငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေလို့ပါ"

ဟုတ်ပါတယ် ဘာလို့လဲဆိုတော့အမာရွတ်က သိသာလွန်းပြီးရုပ်ဆိုးနေသောကြောင့်ဖြစ်သည်။

နည်းပညာပိုင်းကြောင့်လား၊သိပ္ပံပညာအရပဲလား မသိပေ‌မယ့် ကျွန်မဝတ္ထုတစ်ပုဒ်ထဲသို့ကူးပြောင်းခဲ့ရသည်၊အဲ့တာကြောင့် ကူးပြောင်းခြင်းရဲ့သက်သေခံအသေးအမွှားတွေကအစ ခန္ဓာကိုယ်မှာမထားချင်ပေ။

'စာရေးဆရာရေ,ရှင်ကတစ်ကယ့်ဆိုက်ကိုပဲ! အသားအရေထိန်းသိမ်းဖို့နဲ့ကျန်းမာချောမွေ့တဲ့ ဒီအသားအရေလေးကို ပ်ိုင်ဆိုင်ရဖို့ပိုက်ဆံဘယ်လောက်ကုန်ခဲ့ရတယ်ထင်လဲ?'

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now