Chapter...4

31.5K 1.9K 14
                                    

အိမ်ရှေ့၌ ကားရပ်လိုက်သည်နှင့် ကားတံခါး
ကို အကြမ်းပတမ်းဆွဲပိတ်ကာ အိမ်ထဲသို့
ခြေလှမ်းကြမ်းကြမ်းတွေနဲ့ဝင်လာတဲ့ နိူင်း။

ဒေါသတကြီးမျက်နှာအမူအရာနဲ့ အစတည်း
က မာနသိပ်ကြီးတဲ့နိူင်းဟာ အခုဖြစ်ပျက်သွား
တဲ့အခြေအနေမှာတော့ သူ့ဒေါသတွေရဲ့စုပြုံ
ရောက်လာစရာက အိမ်ကအစေခံတွေပင်။

ကိုယ့်ပျော့ညံမူကိုလည်း ကိုယ်အံ့သြရပါ
သည်။ အလိုမကျမူလည်းဖြစ်ရ၏။

နိူင်း ထိုဖြစ်ရပ်ကိုလည်း တစ်သက်လုံးကျေ
နပ်မည်မဟုတ်ချေ။တနုံ့နုံ့နဲ့ ပြန်တွေးတိုင်းရင်
ထဲခံစားနေတော့မည်။

သူ့ရဲ့ပထမဆုံးအနမ်းလေးကို လမ်းဘေးက
လေကချေတစ်ကောင်၊ အခုမှစမြင်ဖူးသူက
ပိုင်ဆိုင်သွားရသည့်ကို မနှစ်မြိုလှပေ။

အိမ်ထဲဝင်လိုက်သည်နှင့် အစေခံတွေကိုတွေ့
လိုက်ရပေမဲ့ အရင်ကလိုပြေးလာကြိုဆိုခြင်း
မရှိတာကြောင့် ခြေလှမ်းတွေတန့်သွားရ၏။

"ဘယ်ကပြန်လာတာလဲ...သားနိူင်းလေး"

ဧည့်ခန်းထဲမှာထိုင်နေတဲ့ဖေဖေက ဦးကြိုစ
ကားပြောလေ၏။ မေမေကတော့ ဖေဖေအ
နားထိုင်လျက် စိတ်ပူသိမ့်ငယ်သောမျက်ဝန်း
တွေနှင့်ကြည့်နေ၏။

မေမေက တည်ငြိမ်ရင့်ကျပ်အေးဆေးတဲ့မိန်း
မတစ်ယောက်ဖြစ်ပြီး အိန္ဒြေသိက္ခာရှိတဲ့မိန်း
မကောင်းတစ်ယောက်...သို့ပေမဲ့ ဖေဖေရဲ့အ
မိန့် စကားတစ်ခွန်းအပေါ်ကိုတော့ မလွန်ဆန်
နိင်...နိူင်းလူမှန်းသိတတ်စတည်းက ဖေဖေရဲ့
စကားကို မေမေကဖယ်ရှားဖူးတာမျိုးမမြင်
ဖူးချေ။

"နိူင်း စိတ်တွေမွန်းကြပ်လို့ အပြင်ခဏလေ
ညှင်းခံထွက်တာ...ဦးမောင်လည်းပါတယ်"

"ဦးမောင် တစ်ယောက်တည်းနဲ့ဖေဖေကစိတ်
ချမယ်ထင်လို့လား"

ဖေဖေစကားက နိူင်းကို အထင်သေးလွန်း
သည်။ နိူင်းကယောင်္ကျားသားတစ်ယောက်
နေရာတကာ အစောင့်အရှောက်တွေနဲ့ မူကြို
ကလေးလိုမျိုးသွားလာရတာကို နိူင်းအရမ်း
မုန်းနေလေပြီ။

"ဖေဖေက သားကိုယ်သားမကာကွယ်နိင်ဘူး
ထင်နေလို့လား...သားမူကြိုကလေးတစ်ယောက်မဟုတ်ဘူး...ကိုယ်ပိုင်ဆုံးဖြတ်နိင်စွမ်းရှိနေ
ပြီ"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now